မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လိဂ်ဂူးပွဲစဉ်မှာ PSG အသင်းဟာ အဝေးကွင်းမှာ နန့်တတ် အသင်းကို ၁ ဂိုး ဂိုးမရှိရလဒ်နဲ့ အနိုင်ယူခဲ့တာလည်းဖြစ်ပါတယ်။နန့်တတ်အသင်းဟာ ယခင်လက်စတာအသင်းရဲ့နည်းပြဟောင်း ရာနီရီယား ကိုင်တွယ်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။လက်ရှိမှာ နန့်တတ်အသင်းဟာ ရမှတ် ၃၃ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။PSG အသင်းကတော့ ရမှတ် ၅၃ မှတ် ရရှိထားပြီး ဇယားထိပ်ဆုံးမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

နန့်တတ် အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဆာလာ၊ ရွန်ဂျီရာ၊ ဘန်မွန်၊ ဂျီရော့တို၊ တိုရေး၊ ဒူဘော့ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဒီမာရီယာ၊ ကာဗာနီ၊ အမ်ဘတ်ပီ၊ ရာဘီယော့၊ ကယ်ဆို၊ ဗာရက်တီ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ နေမာကို အနားပေးထားခဲ့တာလည်းဖြစ်ပါတယ်။နန့်တတ်အသင်းကတော့ PSG အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ထိန်းချူပ်ကစားနိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာပေးခဲ့ရတဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာလည်းဖြစ်ပါတယ်။

PSG အသင်းရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ၁၂ မိနစ်မှာ ဒီမာရီးယား ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ ဒုတိယနေရာက မိုနာကို အသင်းကို ၁၁ မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။ဒါ့အပြင် အဆင့် ၃ နေရာက လိုင်ယွန်အသင်းကိုလည်း ၁၁မှတ်ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။