(၁) ချစ်သူ ဆီမှာ…. မာနတွေ၊ သိက္ခာတွေ၊ အတ္တတွေမရှိတော့ဘူးဆိုရင်

တကယ်မချစ်ဘဲ အနစ်နာခံဖို့ဆိုတာ ဘယ်သူ့အတွက်မဆို နည်းနည်းလေးမှ မဖြစ်နိုင်ပါဘူး။

(၂) ချစ်သူက …. အပြစ်ရှိသူတစ်ယောက်လို ခေါင်းငုံ့နေတတ်တယ် ဆိုရင်တော့

သင်ဘာလိုအပ်လည်း ဆိုတာ တွေးပြီး ပျော်ပါစေ ဆိုတဲ ့ ခံစားချက်လေးတွေနဲ ့

အရာရာကို အရှုံးပေး၊ နားလည်ပေးပြီး ချစ်နိုင်သူပါ။

(၃) တစ်ခါတစ်ရံ ချစ်သူက …. အရမ်း စိတ်ပူတတ်တဲ့ သူတစ်ယောက်သာ ဆိုရင်

သင်က စိတ်ဆိုးစရာ ကောင်းတဲ့ ကိစ္စတစ်ခုကို လုပ်နေရင်တောင် သူက စိတ်ဆိုးရမှန်း မသိဘဲ စိတ်ပူနေပေးတတ်တဲ့ သူမျိုးပါ။ ဥပမာ - ချိန်းထားပြီးနောက်ကျတာကို စိတ်တိုရမှန်း မသိဘဲ တစ်ဖက်သားကို စိတ်ပူပေးနေတာကလည်း တကယ်ချစ်လို့ပေါ့။

(၄) ချစ်သူက …. အမှတ်တရတွေကို သိမ်းထားတတ်သူ တစ်ယောက် ဆိုရင်

ဒါက သင့်ကို တကယ်ချစ်လို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ ပတ်သက်သမျှ အရာအားလုံးကို အမှတ်တရ သိမ်းထားတတ်တယ်။ လွမ်းတဲ့အခါ သင့်ကို အပူမကပ်ဘဲ ဒီအမှတ်တရလေးတွေကို သူ ကြည့်နေဖို့ အတွက်ပေါ့။

(၅) ချစ်သူက ….အ့ံအားသင့်လောက်အောင် စိတ်ဓါတ် ပြင်းထန်သူဆိုရင်

သင့်ရဲ့ စိတ်ရှုပ်ထွေးစရာ ကောင်းလှတဲ့ အပူမီးတွေကိုပါ ကူးစက်ခံစားနိုင်သူပါ ။

ရှိသမျှ အခက်အခဲအားလုံးကို အတူတူ လက်တွဲပြီး ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ သတ္တိမျိုး အပြည့်အဝ သင့်ချစ်သူမှာ ရှိနေပါလိမ့်မယ်။ 

(၆) ချစ်သူက …. သဝန်မတိုတတ်ဘူး ဆိုရင်

ကိုယ့်စိတ်တိုင်းကျ လွတ်လပ်စွာ နေထိုင်တာကို ချစ်တဲ ့စိတ်နဲ ့သူက ခွင့်လွှတ်ပေးနိုင်ပါတယ် ။

အပေါင်းအသင်းတွေကြားမှာလည်း သင့်ကောင်းကြောင်းတွေပဲ အမြဲတမ်း ဂုဏ်ယူစွာ ပြောဆိုတတ်သူပါ။ သင်နဲ့ ပတ်သက်ပြီး ကြံဖန်ဂုဏ်ယူနေတတ်တာမျိုးပေါ့ ။

(၇) ချစ်သူက .... အတွင်းရေးတွေကို ရင်ဖွင့်တတ်တဲ့ သူတစ်ယောက် ဆိုရင်

သင့်ကို အပြည့်အဝ ယုံကြည်ပြီး အိမ်ထောင်ဖက်အဖြစ် ရွေးချယ် ထားလို့ပါပဲ။ သင့်ကို သိပ်ကို အားကိုးပြီး ယုံကြည်တာကြောင့် သူများတွေ မေးတာတောင် ပြောလေ့မရှိတဲ့ အိမ်တွင်းရေး ကိစ္စတွေနဲ့ အချို့အကြောင်းအရာတွေကို မကြာခဏ ပြောပါလိမ့်မယ် ။ စိတ်မဝင်စားရင်တောင် လျစ်လျူ မရှုလိုက်ပါနဲ့ ။ သူတို့ အတွင်းစိတ်လေး သက်သာရအောင် နားထောင်ပေးလိုက်ပါ ။

လူတိုင်းက အရာအားလုံး ပြီးပြည့်စုံတယ်မရှိပေမဲ့

ဒီအချက်လေးတွေရှိနေရင် သင့်မှာ ချစ်ခင်၊ မြတ်နိုးစရာကောင်းတဲ ့ချစ်သူ ရှိနေပြီမို့ ပျော်ရွှင် ဂုဏ်ယူလိုက်ပါ။ ချစ်သူကို အတ္တစိတ်နဲ့ ချစ်နေတာထက် မေတ္တာထားတာက နှစ်ဦးနှစ်ဖက်လုံး ပိုပြီး ကောင်းပါတယ်။ ချစ်သူရဲ့ ကောင်းကျိုးပဲ အမြဲ လိုလားနေတာကို မေတ္တာမှန်လို့ ပြောချင်ပါတယ်။

ဒါ့ကြောင့် ချစ်သူကို အချစ်စစ်၊ အချစ်မှန်နဲ့ ဂရုစိုက် တန်ဖိုးထားရင်း ချစ်သူနဲ့ ပေါင်းဖက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။