ပီရူးသမ္မတနိုင်ငံ တောင်ပိုင်းမှာ ဇန်နဝါရီလ(၁၄)ရက်နေ့က (၇.၁) အလျင်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူနှစ်ဦးခန့် သေဆုံးခဲ့တယ်လို့ ပြည်နယ် အစိုးရက သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ငလျင်ဘေးသင့် သေဆုံးခဲ့သူ (၂)ဦးအနက် တစ်ဦးမှာ တောင်ပိုင်းပီရူး က ဒေသတစ်ခုဖြစ်တဲ့ Yauca မှာ ကျောက်တုံးပိပြီး သေဆုံးခဲ့တဲ့ အသက်(၅၅)နှစ်အရွယ် အမျိုးသားကြီးတစ်ဦးဖြစ်တယ်လို့ ပီရူးနိုင်ငံဆိုင်ရာ ဘူမိဗေဒနဲ့ မြေအနေထားတိုင်းတာရေးအဖွဲ့ ဥက္ကဌက ပြောကြားခဲ့တာဖြစ်ပါတယ်။  

ဒါ့ပြင် Arequipa(အေရီကွာပါ) နဲ့ အီကာ စတဲ့ မြို့တွေမှာတော့ ဒဏ်ရာရရှိသူ(၆၅)ဦးထက်မနည်းရှိခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးအဖွဲ့အစည်းက ပြောကြားခဲ့ပါတယ်။

ငလျင်ဟာ မနက်(၄)နာရီဝန်းကျင်ခန့်ကစပြီး ပီရူးနိုင်ငံ ကမ်းရိုးတန်းဒေသတွေကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန်မြေအနေထားတိုင်းတာရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပီရူးနိုင်ငံ ဟာ တောင်အမေရိကတိုက်ရဲ့ အနောက်ပိုင်းဒေသမှာ တည်ရှိပြီး မြောက်ဘက်တွင် အီကွေဒေါနိုင်ငံ၊ ကိုလံဘီယာနိုင်ငံ၊ အရှေ့ဘက်တွင် ဘရာဇီးနိုင်ငံ၊ အရှေ့တောင်ဘက်မှာ ဘိုလီးဗီးယားနိုင်ငံ၊ တောင်ဘက်တွင် ချီလီနိုင်ငံနှင့် အနောက်ဘက်မှာ ပစိဖိတ် သမုဒ္ဒရာတို့ ဝန်းရံလျက်ရှိပါတယ်။

ပီရူးဟာ တစ်ခါက အင်က အင်ပါယာ၏ တစ်စိတ်တစ်ဒေသ ဖြစ်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန်လ လတွင် ဒုတိယ ဗိုလ်မှူးကြီးဟောင်း အော်လန်တာဟူမာလာကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။ ဒါ့ပြင် စီးပွားရေး တိုးတက်မှုရှိလာသော်လည်း ဆင်းရဲမွဲတေမှှု မပပျောက်သေးတာကိုတွေ့ရပါတယ်။ 

Source : CNN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။