Spookfish

Spookfishတွေရဲ့ ဦးခေါင်းပတ်ချာဟာ ကြည်လင်နေတာကြောင့် သူတို့ရဲ့ မျက်လုံးတွေဟာ ၃၆၀ ဒီ၈ရီပတ်လည်ကို မြင်နိုင်စွမ်းရှိပါတယ်။ ဒီလိုနည်းလမ်းနဲ့ သူတို့ရဲ့ ရန်သူတွေကို အလွယ်တကူ ရှောင်ရှားနိုင်ပါတယ်။

Blobfish

Blobfish ကတော့ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးသတ္တဝါဖြစ်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ကတော့ ဂျယ်လီလိုပုံစံ မျိုး ဖြစ်ပါတယ်။ ရေတွေထုတ်လိုက်တဲ့အခါ သူတို့ဟာ ပုံပြောင်းသွားပါတယ်။  

The Dumbo Octopus

ဒီရေဘဝဲလေးမှာတော့ ထူးခြားတဲ့ ရေယက်နှစ်ခုပါရှိပြီး အမှတ်တစ်မဲ့ ကြည့်လိုက်လျှင် နားရွက်နှစ်ဖက်နဲ့ တောင်တူပါတယ်။

The Sassy Fringehead

The Sassy Fringehead ဆိုတဲ့ သတ္တဝါလေးတွေဟာ သူတို့ရဲ့ ပိုင်နက်ကို ကာကွယ်တက်ကြပြီး အန္တရာယ်ရှိလာတဲ့ အခြေအနေမှာ သူတို့ရဲ့ အစွမ်းကို ပြသတဲ့အနေနဲ့ သူ့ပါးစပ်ကို အကျယ်ကြီး ဟလိုက်ပါတယ်။

The Rainbow Jellyfish

သက်တန့် ဂျယ်လီငါးလေးတွေဟာ သူတို့ ရွှေ့လျား လာတာနဲ့အမျှ လှပတဲ့ အလင်းရောင်တွေ ထုတ်လွှင့်ပေးနေပါတယ်။  

သမုဒ္ဓရာကြီးရဲ့ အောက်ခြေမှာ ယခုလို ထူးဆန်းတဲ့ သတ္တဝါလေးတွေအများအပြား၇ျိနေပါတယ်။ ဒါပေမယ့် ပျက်ယွင်းလာတဲ့ ဂေဟစနစ်ကြောင့် ထိုသတ္တဝါလေးတွေရဲ့ တည်ရှိမှုကို တဖြည်းဖြည်း ထိပါးလာနေပါတယ်။ တချို့သတ္တဝါလေးတွေဆိုလျှင် မျိုးတုန်းပျောက်ကွယ်သွားမယ့် အခြေနေတွေနဲ့တောင် ရင်ဆိုင်နေရပါတယ်။  

Source : Once a glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။