အသံအေးအေးလေးနဲ့ တိုင်းရင်းသူအဆိုတော်လေး ရတနာမိုင်ဟာ မနေ့က City FM -16 နှစ်ပြည့်အခမ်းနား ဆုပေးပွဲမှာ (၂၀၁၇)ခုနှစ် ရေပန်းအစားဆုံး ပရိတ်သတ်တောင်းဆိုမှုအများဆုံး ဆုကိုရရှိခဲ့ပါတယ်။

မိုင်လေးတစ်ယောက် ဆုရမယ်ဆိုတာ မျှော်လင့်ထားပုံမရပါဘူး။ 

မိုင်လေးတစ်ယောက် အခမ်းအနားရဲ့စင်မြင့်ထက်မှာ ကျေးဇူးတင်စကားပြောပေးတဲ့အချိန်က အံ့သြဝမ်းသာစွာနဲ့ မျက်ရည်တွေတောင် လည်နေခဲ့ပါတယ်။ Congratulation ပါ မမိုင်လေးရယ်။

မိုင်လေးကိုချစ်တဲ့ပရိတ်သတ်တွေလည်း ဒီလိုဆုမျိုးရရှိခဲ့တဲ့အတွက် အားရကျေနပ်နေကြမယ်လို့ ယုံကြည်ပါတယ်။

မိုင်လေးတစ်ယောက် ရှေ့ဆက်လျှောက်မယ့် အနုပညာခရီးလမ်းမှာ ဒီထက်မကအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပြီး မိုင်လေးကိုချစ်တဲ့ပရိတ်သတ်တွေလည်း ဒီထက်မက မိုင်လေးကိုပိုပိုချစ်ပေးကြပါလို့ ဆုတောင်းပေးလိုက်ပါတယ်။ 

source-myanmar celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။