ပရိသတ်အချစ်တော် အဆိုတော် သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ G-Fatt ကို အကြီးကြီး ဂုဏ်ပြုစကား ဆိုလိုက်ပါတယ်..။

G-Fatt ဟာ City FM Radio ရဲ့ နှစ်ပတ်လည် ဆုပေးပွဲမှာ ဆုရရှိခဲ့တာနဲ့ ပတ်သက်ပြီး နန်းဆုက ချီးကျူးဂုဏ်ပြုစကားဆိုလိုက်တာ ဖြစ်ပါတယ်..။

အဆိုတော် G-Fatt ကတော့ တေးသီချင်း စာသားလန်းလန်းလေးတွေနဲ့ လူငယ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ Hip Hop လူငယ် အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်..။

City FM Radio ရဲ့ (၁၆)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားပွဲကို ဇန်နဝါရီ (၁၄)ရက်နေ့ MCC မင်းဓမ္မမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်..။

ထိုနှစ်ပတ်လည် အခမ်းအနားပွဲကိုတော့ အဆိုတော် ဂီတအနုပညာရှင်တော်တော်များ၊ ဂီတအသိုင်းအဝိုင်းများ၊ မီဒီယာများနှင့် အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်တော်များများလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

အဲ့ဒီ နှစ်ပတ်လည်အခမ်းအနားပွဲမှာတော့ အဆိုတော် G-Fatt ကတော့ (၂၀၁၇)ခုနှစ်ရဲ့ တေးသီချင်းအများဆုံး တောင်းဆိုခံရတဲ့ အမျိုးသားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

ထိုကိစ္စနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေ G-Fatt ကို ဂုဏ်ပြုစကားဆိုလိုက်တာ ဖြစ်ပါတယ်..။

နန်းဆုက “Big Congratulations” ဆိုပြီး ဂုဏ်ပြုစကားဆိုလိုက်တာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့အောက်မှာလည်း G-Fatt က “ကျေးဇူး အကြီးကြီးတင်တယ် မရီးရေ နောက်နေ့မုန့်လိုက်ကျွေးမယ်” ဆိုပြီး Comment ပြန်ရေးသားထားတာလည်း တွေ့ရပါတယ်..။

G-Fatt ရဲ့ အဲ့ဒီ Comment အောက်မှာတော့ နန်းဆုကလည်း “အကြီးကြီးဝမ်းသာပါတယ်ဗျို့ ဆက်ကြိုးစားပါ ပရိသတ်အတွက် အကြီးကြီးအားပေးနေမယ်ဗျို့..” ဆိုပြီး reply ပြန်ပြောထားပါသေးတယ်..။

Source - နန်းဆု fb

Photo - G-fatt ၊ နန်းဆု fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။