ပင်ကိုအလှဆိုတာ မိန်းခလေးတိုင်းမှာရှိတက်တဲ့အရာတစ်ခုပါ။ ပြင်ဆင်မှလှနေမယ်ဆိုတာထက် သဘာဝအတိုင်းလှအောင်ဘယ်လိုနေမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ မိတ်ကပ်လိမ်းထားတဲ့ အပေါ်ယံအလှတွေဟာ ခဏပဲဆိုတာကို ပျိုမေလေးတို့လည်း သိမှာပါ။

ဒီလိုအပေါ်ယံအလှအပတွေထက် ပိုပြီးဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကတော့ ဒီလိုပါ။

(၁) ဟာသဉာဏ်ရှိတဲ့ မိန်းခလေး

ဟာသပြောတက်တဲ့ မိန်းခလေးဟာ ပျော်ပျော်နေတက်ပြီး ကိုယ်တိုင်သာမက လူအများကိုပါ ရယ်မောစေတာမို့ သဘောကျစရာကောင်းတဲ့သူတစ်ယောက်ပါတဲ့။

(၂) ပြင်ဆင်တက်ပြီး ယုံကြည်မှုရှိတဲ့သူ

မိန်းခလေးတိုင်းကတော့ ပြင်ပြင်ဆင်ဆင်ကိုနေတက်ကြပါတယ်။ ဒီလိုပြင်ဆင်တက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမှသာ နေ့ရက်တိုင်းကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာ မဟုတ်ပါလား။

စိုးရိမ်ကြောင့်ကျတက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့ မိန်းခလေးကိုတော့ ကိုကိုတွေက စိတ်တိုင်းကျမှာ မဟုတ်ပါဘူး။

(၃) ရည်ရွယ်ချက်နဲ့ စွဲလန်းမှု

မိန်းခလေးမှ မဟုတ်ပါဘူး လူတိုင်းလဲရည်ရွယ်ချက်တစ်ခု ရှိသင့်ပါတယ်။ မိန်းခလေးတိုင်းမှာ စိတ်ကူးထားတဲ့ ရည်ရွယ်ချက် ပန်းတိုင်ကိုရောက်အောင်လုပ်နိုင်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒတစ်ခုလည်း ရှိဖို့လိုပါတယ်။

(၄) ကြင်နာတက်တဲ့သူ

လေ့လာတွေ့ရှိမှုတွေအရ သနားကြင်နာတက်ပြီး အမြဲတမ်းပြုံးနေတက်တဲ့ မိန်းခလေးတွေဟာ ရုပ်ချောတဲ့သူတွေထက် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဆိုပါတယ်။ ဒါကလည်း ကိုကိုတွေသဘောကျတဲ့ အချက်တွေထဲမှာ ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။