ခင်ဝင့်ဝါဆိုတဲ့နာမည်ဟာ Miss Supranational ပြိုင်ပွဲကနေ ဝင်ပြိုင်ခဲ့တဲ့ မော်ဒယ်မလေးတစ်ယောက်အနေနဲ့ စပြီးသိခဲ့ကြတာပါ။ ဒါတောင်မှပဲ ခင်ဝင့်ဝါဆိုတဲ့နာမည်ဟာ သူမကိုယ်တိုင်ပြောင်းပြီး ပေးခဲ့တာလို့ပြောကြားခဲ့ပါတယ်။

" ညီမ ဆုသျှားထက်အနေနဲ့ မော်ဒယ်လ်စလုပ်တယ်။ မော်ဒယ်လ်စလုပ်တဲ့ အချိန်က ညီမဒေးကျောင်းတက်နေတဲ့အချိန်ပေါ့။ ကျောင်းတက်ရင်း မော်ဒယ်လ်ပြိုင်ပွဲလည်း ဝင်ပြိုင်ကြည့်တယ်။ တစ်ပွဲဝင်ပြိုင်ကြည့်တယ်။ ဒါပေမဲ့ Runner ပဲရတယ်။ Winner ဆုတွေမရဘူး။ အဲတော့ လုပ်လည်းမလုပ်ချင်တော့ဘူး။ ဆုသျှားထက်က ဘုန်းကြီးပေးထားတဲ့နာမည်ပါ။ နောက်ပိုင်း မလုပ်တော့ဘူး။ ကျောင်းပဲဆက်တက်တော့မယ်ဆိုတဲ့အချိန်မှာ ဗေဒင်တွက်ကြည့်တော့ ဗေဒင်က နာမည်ပြောင်းလိုက်ပေါ့နော်။ ညီမကိုယ်တိုင်ကလည်း သိပ်စိတ်မပါတော့ဘူး။ ဒါပေမဲ့ နာမည်ပြောင်းလုပ်ကြည့်လိုက်မယ်ဆိုပြီးတော့ ဆက်လုပ်ကြည့်မယ်ပေါ့။ ဆုခဲ့မယ်ဆိုရင် ဆက်လုပ်မယ်။ မရခဲ့ဘူးဆိုရင်ကျောင်းပဲဆက်တက်တော့မယ်ဆိုပြီးတော့ပေါ့။ ခင်ဝင့်ဝါဆိုတာက ကိုယ့်ဘာသာ နာမည်ရွေးပြီးပြောင်းလိုက်တာပေါ့။ ပြီးတော့ Supranational ကို ဖောင်သွားတင်လိုက်တယ်။ တင်ပြီးတော့ ကျောင်းဆက်တက်တယ်။ လူရွေးမယ်ဆိုပြီးတော့ လုပ်တဲ့အချိန်မှာ Casting call ထဲမှာ ညီမပါသွားတယ်။ အဆင့်ဆင့်အရွေးခံရတယ်ပေါ့။ အရွေးခံရပြီးတော့မှ သွားပြိုင်ရတာပေါ့။ သွားပြိုင်တော့လည်း ကိုယ့်ကိုယ်ကို သြော် ငါအရွေးခံရတယ် ဒီလောက်ပံပေါ့။ အဲလိုပဲသွားပြိုင်ခဲ့တယ်။ အရမ်းကြီးမျှော်လင့်ချက်ကြီးတွေနဲ့ ပြိုင်ခဲ့တာမဟုတ်ဘူး။ တကယ်တမ်း မမျှော်လင့်ထားတာတွေရလာတဲ့အချိန်မှာ အရမ်းပျော်တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီအလုပ်ကို သေချာလေး ဇောက်ချလုပ်ဖြစ်တယ်။ "

ဒီလိုပွင့်ပွင့်လင်းလင်းပြောကြားခဲ့တဲ့ သရုပ်ဆောင်မလေးဟာ ဗေဒင်ယတြာတွေကို ယုံကြည်လို့လားလို့ မေးတဲ့အခါ

" လူတစ်ယောက်ရဲ့ ကံကြမ္မာကတော့ မွေးကတည်းက ပါလာပြီးသားပေါ့နော်။ ဘယ်နေ့ဘယ်အချိန်မှာ သေမယ်ဆိုတာလည်း လူတစ်ယောက်ရဲ့ကံကြမ္မာပဲပေါ့။ ညီမက ဗေဒင်တို့ ယတြာတို့ကို ၅၀-၅၀ တော့အယုံအကြည်ရှိတယ်။ ဒါပေမဲ့ ဗေဒင်တွေဘယ်လောက်ပဲယုံယုံ၊ ယတြာတွေဘယ်လောက်ပဲချေချေကိုယ့်အပေါ်လည်းမူတည်သေးတာကိုး။ ကိုယ်ကြိုးစားမှလည်းဖြစ်မှာဆိုတော့ ခုနကပြောသလို ၅၀-၅၀ တော့ ယုံကြည်မှုရှိပါတယ်။ " လို့ ဖြေကြားပေးခဲ့ပါတယ်။

နောက်ဆုံးမှာ ပရိသတ်တွေ အသိချင်ဆုံး သူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး ခင်ဝင့်ဝါကနေ ယခုလိုပြောကြားခဲ့ပါတယ်။

" အနုပညာလောကထဲမှာလည်း ခြေလှမ်းက အခုမှအစပဲရှိသေးတဲ့အတွက် အချစ်ရေးက အေးဆေးပါပဲ။ ထူးခြားဖို့လည်း အဝေးကြီးလိုပါသေးတယ်။ " လို့ ဖြေကြားခဲ့ပါတယ်။

Source : MODA Interview

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။