နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက်ကတော့ သူမရဲ့ချစ်သူနဲ့ ပြန်အဆင်ပြေပြီး ဆက်လက်ချစ်နေကြတုန်းပါပဲလို့ ပြောလိုက်ပါတယ်။ အနုပညာလောကထဲ ကို ငယ်စဉ်ကတည်းက အမဖြစ်သူနဲ့အတူ ဝင်ရောက်ခဲ့ပြီးအတူတူ ကြိုးစားခဲ့ကြတာပဲဖြစ်ပါ တယ်။ အချိန်အတိုင်းအတာတစ်ခုထိ အနုပညာလောကထဲမှာရပ်တည်ခဲ့ကြပြီး ခေတ္တပြန် လည် ပျောက်ကွယ် သွားခဲ့ပါတယ်။ အမဖြစ်သူနှင်းဝတ်ရည်သောင်းကတော့ အနုပညာ လောကထဲကို ပြန်လည်ခြေမချ တော့ပဲ အင်္ဂလန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ရင်း ဘဝကို အဆင်ပြေပြေဖြတ်သန်းနေတယ်လို့ သိရပါတယ်။

မအေးသောင်းကတော့ အသက်သုံးဆယ်ကျော်အရွယ်မှာပဲ အနုပညာလောကထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပြီး တည်ငြိမ်တဲ့အလှတရားတစ်ခုနဲ့ ပရိတ်သတ်တွေကို ထပ်မံ ဆွဲဆောင်ခဲ့ပါတယ်။ ကြည့်လိုက်တိုင်း အေးချမ်းစေမယ့်အလှတရားတစ်ခုကို ပိုင်ဆိုင်ထား သူမို့ သူမရဲ့အနုပညာလောကထဲ ပြန်လည်ဝင်ရောက်မှုကို ပရိတ်သတ်တွေက တခဲနက် ကြိုဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ သူမက “ ရွှေလွန်းသံ ” ဆိုတဲ့ပိုးထည်ဆိုင်လေးကိုလည်း ဖွင့် လှစ်ထားပြီး ဆိုင်လေးကလည်း အဆင်ပြေပြေနဲ့ လည်ပတ်နေတာပဲဖြစ်ပါတယ်။ မြန်မာမှု မြတ်နိုးသူတစ်ဦးဖြစ်တာကြောင့် မြန်မာဝတ်စုံလေးတွေကို လည်း မြတ်မြတ်နိုးနိုးဝတ်ဆင်တဲ့ ပုံလေးတွေက တကယ့်ကိုကျက်သရေရှိလှပါတယ်။

မအေးသောင်းတစ်ယောက် အရွယ်လည်းတိုင်ပြီဆိုတော့ သူမမှာချစ်သူရည်းစားရှိနေပြီပဲ ဖြစ်ပါတယ်။ သူမမှာချစ်သူရှိတယ်ဆိုတာကိုပဲ အားလုံးကသိထားပြီး ဘယ်သူဘယ်ဝါ ဖြစ် တယ်ဆိုတာကိုတော့ ပရိတ်သတ်တွေက ယနေ့ထက်တိုင်မသိရှိသေးပါဘူး။ ပြီးခဲတဲ့ ရက် ပိုင်းက သူမရဲ့ချစ်သူနဲ့ ကတောက် ကဆဖြစ်ခဲ့ကြပြီး သူမရဲ့ Facebook မှာ Single is the best ဆိုတဲ့ စာလေးတက်လာခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ သူမတို့ချစ်သူနှစ်ဦး ပြန်လည် အဆင်ပြေသွားပြီဆိုတဲ့အကြောင်းလေးကို ချစ်နေကြတုန်းပဲရှင့်ဆိုတဲ့ စာလေးနဲ့အတူ သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုမျှဝေလိုက်တာကြောင့် ပရိတ်သတ်ကြီး အတွက်လည်း ပြန်လည် တင်ဆက်ပေးလိုက်တယ်နော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။