မကြာခင် အနုပညာလောကထဲကို ဝင်ရောက်လာတော့မယ့် နာမည်ကြီး Beauty Blogger နေခြည်ဦးကတော့ ငပလီကမ်းခြေကို ရောက်ရှိနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ အမျိုးသမီးတွေအတွက်ဂစစ်မှန်တဲ့ cosmetic review တွေနဲ့ make-up tutorial တွေ တင်ပေးရင် ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိခဲ့ပြီး Chillies army ကို တည်ထောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ နေခြည်ဦးဟာ ငပလီကမ်းခြေကို ရောက်ရှိလို့နေပြီး သူမရဲ့ လူမှုစာမျက်နှာမှာတော့ ငပလီကမ်းခြေက ပုံလေးတွေကို တင်လို့ထားပါတယ်။ ချီချီကတော့ ငပလီကို အပန်းလည်းဖြေရင်း Blog တွေလည်း ရေးရင်း ရောက်ရှိလို့ နေတာဖြစ်ပါတယ်။ သူမဟာ လတ်တလော MRTV-4 မှာ ပြသလျက်ရှိတဲ့ "Make Me Beautiful" အစီအစဉ်မှာလည်း Judge တစ်ဦးအဖြစ် ပါဝင်လို့ထားပါတယ်။

လတ်တလောမှာတော့ ထိုအစီအစဉ်မှာ ပြိုင်ပွဲဝင်တစ်ဦးကို comment ပေးရာမှာ ရယ်မောမိခဲ့တာကြောင့် သူမနဲ့ပတ်သတ်ပြီး လူမှုစာမျက်နှာထက်မှာ ဝေဖန်မှုအချို့ကိုလည်း တွေ့နေရပါတယ်။ ချီချီဟာ မကြာမီမှာ နာမည်ကြီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်နဲ့အပြိုင် ကားကြီးတစ်ကားရိုက်ဖို့ လက်ခံထားတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာလည်း သူ့ခံစားချက်အပေါ်လိုက်ပြီး ရိုက်ဖြစ်ချင်လည်းရိုက်ဖြစ်သွားမယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုလို့ထားပါတယ်။ 

Source: Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။