လူငယ်ပရိတ်သတ်အချစ်တော် အဆိုတော်ထွန်းထွန်းတစ်ယောက်ကတော့ ထိုင်းနိုင်ငံမှာ မမေ့နိုင်စရာအဖြစ်တစ်ခုနဲ့ တွေ့ကြုံခဲ့ပါတယ် ။

ထိတ်လန့်စရာ အမှတ်တရ တစ်ခုလို့လဲ သူက ဆိုပြီး သူ့ရဲ့ အဖြစ်ကို အောက်ပါအတိုင်း ပြောပြထားပါတယ် ။

" တကယ်အမှတ်တရပါပဲ။ အထိတ်တလန့်အမှတ်တရပေါ့။ အဲ့ ည ကျွန်တော် တည်းခိုတဲ့ ဟိုတယ်အခန်းကနေ အောက်ကိုဆင်းပြီး SevenEleven မှာမုန့်ဆင်းဝယ်။ဟိုနား ဒီနားလမ်းလျှောက်တယ် ပြန်လာပြီးဓါတ်လှေခါးထဲကိုရောက်တော့ အခန်းသော့ Key Card ကိုရှာတာ မတွေ့တော့တာနဲ့ ခုနကသွားခဲ့တဲ့seven eleven ဆိုင်ကိုပြန်ပြေးရှာတာမတွေ့။ အဲ့မှာပြသနာစတာပဲ ဘောင်းဘီအိပ်ထဲဖုန်းကိုနှိုက်ကြည့်တော့ကိုင်တဲ့ ဖုန်းကမရှိတော့ဘူး။ တော်တော်ကို ထူပူသွားတာဗျာ။ အဲ့ဒါနဲ့ချက်ချင်း သွားခဲ့တဲ့နေရာတွေပြန်ပြေးရှာ မတွေ့တော့ဘူး။ KKTT ရဲ့ အရူးမီးဝိုင်း အခိုက်အတံ့လေး။ ၁၀ မိနစ်လောက် တိုင်ပတ်ပီးမှ ခေါင်းအေးအေးထားမှဖြစ်မယ်ဆိုပြီး နေလိုက်တော့မှ ဖုန်းမှာ Find my phone ကို Apple ID နဲ့ဖွင့်ထားတာကိုသတိရတယ်။ 

အဲ့ဒါကလည်း အဲ့မနက်ကမှ Location service လေး ဖွင့်ထားမယ်လေ ဆိုပီး ဖွင့်မိလိုက်တာ။( ပုံမှန်ဆိုbattery ကုန်လို့ ဘယ်တော့မှ မဖွင့်ဘူး)။ အဲ့ဒါနဲ့ အခန်းထဲပြေး ကျန်တဲ့အခြားဖုန်းကိုယူ ပီး Apple ID ဝင်တာ မရ။ Apple ID password ကိုမေ့နေရော။ ရိုက်ထည့်တယ် မှားတယ်။ forgot password လုပ်လိုက်တာလည်းမရ နောက်ဆုံးကံကောင်းချင်တော့ အခက်အခဲပေါင်း ရ သိန်းနဲ့ ၈သောင်း ( တော်တော် ခက်ခဲတာပါ) ကြားကနေ log in ဝင်တာရသွားပြီး Find my phone ကနေ ဖုန်းရှိနေတဲ့နေရာ Location ကိုသိခဲ့ရတယ်။ ဒါနဲ့ ချက်ချင်း လမ်းဘေးမှာရပ်နေတဲ့ Taxi ပေါ်တက်ပီးအဲ့ကိုမောင်းခိုင်းတာ ကားသမားကြီးကို ရှင်းပြတော့သူက ဘာနားလည်လိုက်လည်း မသိဘူး အဲ့နားက ထိုင်းရဲစခန်းကိုတန်းမောင်းသွားတယ်။အဲ့မှာစပြီး တိုင်ပတ်တာ။ ရဲစခန်းမှာလည်း ကိုယ်ပြောတာသူမသိ သူပြောတာကိုယ်နားမလည်။ ပြန်ရမှာမဟုတ်ဘူးတဲ့။ ဟာာာ မရဘူး ဒီမှာ Location ပြနေတဲ့နေရာမှာ အသေအချာရှိတယ်ပြောတာလည်းမရ။၃ ပွင့်နဲ့ ရဲနှစ်ယောက်က မရဘူး လုံးဝမရဘူးဆိုတာကြီးပဲ။ ဒါမဲ့ နောက်ဆုံးအဲ့က ၃ ပွင့်နဲ့ ရဲမေက (တော်တော်ငိုမဲ့မဲ့ပြောမှ) ကျွန်တော့်ကိုသနားလို့ထင်တယ် လှည့်ကင်းရဲ(ဆိုင်ကယ်နဲ့) ချိတ်ပေးတယ်။ ၁၅ မိနစ်လောက်ကြာတော့ လှည့်ကင်းရဲ ရောက်လာတယ်။ သူ့ကိုပြတော့ ဝေးတယ်ပေါ့နော်။ မရဘူးတဲ့။ ကျနော်ကလည်း မလျှော့ဘူး တတ်သမျှ English စကားကို broken တွေရော, အမူအရာတွေရော,ဘာတွေရော အစုံပြော တော့ နောက်ဆုံး စိတ်ရှုပ်ပီးထင်ပါတယ် သူ့ဆိုင်ကယ်ပေါ်တက်တဲ့ အဲ့ကိုသွားမယ် လိုက်ခဲ့တဲ့။ လမ်းညွှန်တဲ့။ ပျော်လိုက်တာ။ 

ဒါနဲ့ သူနဲ့ကျနော် အဲ့ကို စထွက်ကြတာပေါ့။ အဲ့မှာဗျာ သွားနေရင်းလမ်းတဝက်မှာ သူကဘာတွေတွေးလည်း မသိဘူး။စိတ်ပြောင်းသွားတယ်ထင်ပါရဲ့ အရမ်းဝေးတယ်တဲ့ မင်းဟာမင်း Taxi နဲ့အရင်သွားတဲ့ရောက်ရင်191 ကိုဖုန်းဆက်တဲ့။ လမ်းဘေးဆိုင်ကယ်ထိုးရပ်လိုက်ပါလေရော။ ဂွကျတာဗျာ။ သူနဲ့လမ်းမဘေးမှာတင် သူပြောတာကိုယ် မသိ, ကိူယ်ပြောတာလည်း သူနားမလည် နဲ့ ၁၅ မိနစ်လောက်တိုင်ပတ် ဒစ်လည်နေရော။ နောက်ဆုံး အမူအရာနဲ့ အသံတိတ်လုပ်ပြတော့မှ အဲ့ လမ်းတဝက်ကနေ ရဲစခန်းပြန်။ ရဲစခန်းရောက်တော့ လည်း ဘာမှမထူး။ ဒါနဲ့ ရဲတွေကို ဖိန့်ဖိန့်နဲ့ ကျေးဇူးပဲလို့ ပြော Taxi သမားကြီးကိုကိုယ့်ဟာကိုယ်သွားမယ်လိုက်ပို့ဖို့ပြန်ခေါ်ထုတ်လာလိုက်တယ်။ ကားပေါ်ရောက်တော့မဖြစ်သေးဘူး အဲ့နေရာကိုသွားရင် ထိုင်းစကား စကားပြောတတ်တဲ့လူတယောက်တော့ လိုတယ်လို့တွေးမိတာနဲ့ အဲ့က ညီလေး ကျော်ဇေယျ ဆီ ဆက်သွယ်။ သူဆီ ဖုန်းဆက်။ သူနဲ့Taxi သမားကြီးနဲ့ ဖုန််းပေးပြောပြီး သူရှိတဲ့နေရာကိုသွားခေါ်ကြ။ တော်ပါသေးရဲ့သူလည်း မအိပ်သေးပဲဖုန်းကိုင်ပေးလို့။ အဲ့အချိန်အထိ find my phone မှာပြတဲ့ location က ရွေ့တော့ဘူး။ သေချာတယ် အဲ့ကိုသာအရောက်သွားနိုင်ရင် ဖုန်းပြန်ရမယ်ဆိုတာကို။ ဒါနဲ့ညီလေးကျော်ဇေယျ( Harry Kyaw ) ကို Taxi သမားကြီးနဲ့ မြို့ထဲတခါ သွားခေါ်ပြီး ဖုန်းရှိရာကိုသွားမယ်ပေါ့။ သူ့ဆီကို မိနစ် ၂၀ လောက်ကားမောင်း။ သူရောက်လာတော့ သူနဲ့ကားသမား ကစကားတွေပြောပြီး ဟို ရဲစခန်းထပ်ဝင်ပြန်ပါလေရော။ ( ကိုယ်တွေချည်းပဲသွားရက် အန္တရယ် ရှိနိုင်တယ်လေ) အထဲကိုထပ်ရောက်တေ့ာ အဲ့က ရဲတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူးတဲ့ ထားလိုက်တော့တဲ့ စိတ်လျှော့ပေါ့နော်။ ပြန်ရဖို့ခက်ခဲတယ်တဲ့။ ဒါမဲ့ ထိုင်းစကားပြန်ပေးမယ့်သူပါတော့ တော်တော်လေး အဆင်ပြေသွားတယ်။ ရဲစခန်းက ၃ ပွင့်နဲ့တယောက်ဆို မဲ့ရွှဲ့ပြီးလှောင်ပြံုးလေးနဲ့။ ကျွန်တော်ကတော့မရဘူး။ လုံးဝဇွဲမလျှော့ဘူး။ သူတို့ကလည်း နေရာ တွေကို အတည်တကျ ကြည့်ပေးပါတယ်။ တည်နေရာကရထားသံလမ်းဘေးမှာပေါ့နော်။ အဲ့မှာဆို ကျူးကျော်သဘောမျိုး နေရာတဲ့။ ရှာရတာ ပိုခက်မယ်တဲ့။ ကျနော်ကလည်း မရဘူး လှည့်ကင်းရဲနဲ့ ခဏလေးသွားရှာချင်တယ်။ ကူညီပေးဖို့မျက်နှာငယ်ငယ်လေး(တော်တော်ငယ်တာပါ)နဲ့ပြောကြည့်တာပေါ့။လှည့်ကင်းရဲကလည်း အဲ့နားရောက်ရင် သူ့ 191 ဆီဆက်ဖို့ပြောထားတယ်ဆိုတော့သူတို့နည်းနည်းစဉ်းစားသွားကြတယ်။ နောက်ဆုံးတော့အဲ့ ၃ ပွင့်ရဲကလှည့်ကင်းရဲ ကို လှမ်းပြီး ကျနော်တို့နဲ့လိုက်ပေးဖို့စက်နဲ့ဖောက်ပေးလိုက်တယ်။ ဒါနဲ့ကျနော်တို့ကTaxi နဲ့လှည့်ကင်းရဲ ရှိတဲ့နေရာကိုသွား။ အဲ့မှ တဆင့် Find my phone မှာပေါ်နေတဲ့ location နေရာ ကိုသွားကြတာ။ စိတ်ထဲမှာလည်း ပြန်ရဖို့အတွက်ဆုတောင်းတာကိုစုံနေတာပဲ။ဒါနဲ့ အဲ့နေရာကိုရောက်တော့ GPS မြေပုံက ညွှန်တဲ့ အတိုင်း လိုက်ရှာတာပေါ့။ အိမ်လေးတွေ အများကြီးပဲ။ ရထားသံလမ်းဘေးမှာ။ ကျူးပုံစံလေးတွေ။ ညကလည်း အတော်နက်နေပီ ၃:၁၅ လောက်ရှိရောပေါ့။ ကျနော်ကလည်း အဲ့ GPS ပြတဲ့အတိုင်းရှာ။ ရပ်ကွက်ဆိုတော့ ခွေးတွေကလည်း ဟောင်။ နားကို ညည်းနေရော။ ကိုယ်ကတော့ ဇောနဲ့ဆိုတော့ဘာမှ မသိ။ အဲ့မှာ အဲ့ရပ်ကွက်ထဲက လူတယောက်ကထွက်လာပြီး ဘာလဲပေါ့။ ကျနော်ကလည်း ညီလေးကျော်ဇေယျရေ ပြောပေးပါပေါ့။ ဟိုမှာရဲလည်းပါတယ်ပေါ့။ ဒါနဲ့ အဲ့လူကလည်း ကူညီရှာတယ်။ ဖုန်းရှိတဲ့နေရာပြထားတဲ့အိမ်တွေကို တံခါးခေါက်ပီးနှိုး။ အိပ်ချင်မူးတူးနဲ့ထလာတဲ့ပထမအိမ်ဆို သနားပါတယ်။ ဒါနဲ့ ဒီနားက အိမ် ၃-၄ အိမ်ထဲက ၁ အိမ်ပဲ သေချာတယ်ဆိုပြီး ထပ်နှိုးခိုင်းတာ။ ထင်ရတဲ့ တအိမ်က အပြင်က သော့ခတ်ထားပါလေရော။ အဲ့တော့ သွားပြီပေါ့။ ဖုန်း location ကလည်းဒီနားမှာဆိုတာပဲပြနေတုန်း။ 

ကဲ နောက်ဆုံး တအိမ်လောက်ပဲနှိုးဖို့ သင့်တော့တဲ့ အခြေအနေမျိုးရောက်သွားရော။ အဲ့ရပ်ကွက်က ကူညီတဲ့လူ က သွားအော် နှိုးပြီးပြောပေးရှာတယ်။ အိမ်ထဲက ဘာမှလည်း ပြန်မပြောဘူး။ ကျနော် မှတ်မှတ်ရရ အဲ့အချိန်တုန်းကသက်ပြင်းအရှည်ကြီးတချက်ချလိုက်မိတယ်။ ၅စက္ကန့်ကြာတော့ အိမ်အထဲ က အန်တီကြီးတယောက်အိပ်ချင်မူးတူးနဲ့ ထွက်လာတယ်။သူ့ လက်ထဲမှာ ကျနော်ပျောက်သွားတဲ့ဖုန်းလေးကို ကိုင်ပီးတော့။ အားးးးးပါးပါးးးးးးပျော်လိုက်တာဗျာ။ ကျနော်လေ အဲ့ အန်တီကြီးပြေးဖက် သူ့ပါးကို ဖက်နမ်းပြီးအားရပါးရ ကျေးဇူးတင်ကြောင်း မြန်မာလိုတွေပြောပစ်တာ။(အိ်ပ်ထဲပါလာသမျှ အကုန်ပေးပီး ကျေးဇူးဆပ်ခဲ့ပါတယ်) တော်တော်ပျော်တာပါဗျာ။အဲ့အချိန်ဖြစ်တဲ့ ပျော်ရွှင်မှုကတော်တော်လေးရှင်းပြဖို့ခက်တယ်ဗျာ။ ပြီးတော့မှ ဖြစ်ကြောင်းကုန်စင်မေးတော့မှ သူက လမ်းဘေးလှည်းနဲ့သစ်သ်ီးရောင်းတာတဲ့။ သူပြန်လာတဲ့လမ်းမှာကောက်ရတာတဲ့။ ဘာလုပ်ရမှန်းလည်း မသိဘူးတဲ့။ မနက်မှရဲစခန်းပို့မလို့တဲ့။ တော်ပါသေးရဲ့ဗျာ။ တခြားလည်လည်ဝယ်ဝယ်ရှိတဲ့သူ။ တပါးသူပစ္စည်းဘာရရယူမယ်ဆိုတဲ့စိတ်ရှိတဲ့သူဆို ကျနော်လုံးဝပြန်ရမှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ်ဗျာ။ ကျနော့်လက်ထဲ ကျနော့်ဖုန်းလေးပြန်ရောက်လာတာကိုပဲ အတိုင်းမသိကျေနပ်တယ်။ ပျော်လိုက်တာမှပြောမနေနဲ့တော့ဗျာ။ တကယ်ပါ။ နမော်နမဲ့နဲ့ဖုန်းကျပျောက်အောင် ပရမ်းပတာနေမိတဲ့ ကိုယ့်ကို်ကိုယ်ပဲ သတိပေးအပစ်တင်မိတယ်။အချိန်ကိုကြည့်လိုက်တော့ မနက် ၃:၃၆ ။ Apple ရဲ့Find My Phone : Lost Mode ကတော့ တကယ်ကြီး အမေးးးဇင်း ဗျာ။

Apple phone user များအနေနဲ့find my phone လေးဖွင့်ပီး သုံးဖို့တိုက်တွန်းပါရစေ။ ကျနော့လိုပရမ်းပတာမဖြစ်ဖို့အတွက်လည်း သတိပေးတိုက်တွန်းပါရစေဗျာ။

ဒီကိစ္စမှာ ဖုန်းရတာနဲ့ချက်ချင်းပါဝင်ကူညီပေးတဲ့ ညီလေး ကျော်ဇေယျရေ အရမ်းအထူးကျေးဇူးတင်ပါတယ်ကွာ။ နောက်တခါတွေ့မှ အကြွေးဆပ်မယ်ဟေ့။

p.s —- ကျွန်တော်က ဖုန်းကို အမြဲ Cellular Data ဖွင့်ထားလို့ ပြန်ရခဲ့ခြင်းဖြစ်ပါတယ်။ " လို့ ထွန်းထွန်းက ဆိုခဲ့တာပါ ။ 

ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်နေတဲ့ ထွန်းထွန်းကတော့ တော်တော် စိတ်မောလူမော ဖြစ်ခဲ့ရတဲ့ ညလေးပါပဲ ။ သူ့အတွက်တော့ မမေ့နိုင်စရာအမှတ်တရတစ်ခုဖြစ်နေမှာပါ ... ကိုယ်နဲ့မရင်းနှီးတဲ့ အရပ်ဒေသမှာဖုန်းပျောက်တာဟာ ပြန်ရဖို့ တကယ်မလွယ်တဲ့ ကိစ္စပါ သို့ပေမယ့် Iphone ရဲ့ Find my iphone နည်းပညာကြောင့်က တစ်ကြောင်း ကောက်ရတဲ့သူက ရိုးသားတဲ့သူဖြစ်နေတာကတစ်ကြောင်းနဲ့ ပြန်ရှာတွေ့ခဲ့ပါတယ် ။ ဒီလိုရိုးသားတဲ့သူတွေ ရှိနေကြောင်းသိရတာ ၀မ်းသာစရာပဲ မဟုတ်ပါလား ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Tun Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။