ဗီယက်နမ်အလှမယ်တစ်ဦးဖြစ်တဲ့ ငုရင်ထရန်ဟုရန်မေတစ်ယောက် မြန်မာပြည်ရဲ့ နာမည် ကျော် မင်းသားတစ်ဦးဖြစ်တဲ့ နေတိုးနဲ့အတူ ရုပ်ရှင်ဇာတ်ကားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ပထမဦးဆုံး မြန်မာနဲ့ဗီယက်နမ် တွဲဖက်ရိုက်ကူးတဲ့ဇာတ်ကားဖြစ်ပြီး ပရိတ်သတ်တွေကို အကောင်းမွန်ဆုံး ရသတွေပေးနိုင်မှာ အသေအချာပါပဲ။ 2017 ခုနှစ်မှာ ဗီယက်နမ်နိုင်ငံ က အိမ်ရှင်ပြုလုပ်ပြီး ကျင်းပခဲ့တဲ့ Miss Grand International ပွဲမှာ သူမဟာ Winner ဆု ကို မရရှိခဲ့တာကြောင့် ဝမ်းနည်းမျက်ရည်ကျခဲ့ ပါသေးတယ်။ သူမက ဒီဇာတ်ကားရိုက်ကူးဖို့ မြန်မာပြည်လို့ တစ်ခေါက်လာခဲ့ပြီး လိုအပ်တဲ့ဆွေးနွေးမှု များပြုလုပ်ခဲ့ပါသေးတယ်။

သူမရဲ့သူမတူတဲ့လှပမှုကြောင့် မြန်မာပရိတ်သတ်တွေရဲ့ အားပေးမှုအပြည့်အဝရရှိထား တာဖြစ်ပြီး ရွှေနန်းတော်ကြော်ငြာကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ လှပလွန်းတဲ့ သူမရဲ့ ပုံရိပ်တွေက ပရိတ်သတ် တွေကို အပြည့်အဝဆွဲဆောင်နိုင်ခဲ့ပြီး အားပေးမှုအပြည့်အဝရရှိ ခဲ့တာပဲဖြစ်ပါတယ်။ သူမက “ တိမ်တိုက်တံတား ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ နေတိုး မင်းသမီးခင်ဝင့်ဝါတို့နဲ့အတူ 2017 ခုနှစ်က ရိုက်ကူးထားတာဖြစ်ပါတယ်။ သူမရဲ့ အမိုက်စားပုံရိပ်တွေကိုလည်း လူမှုကွန်ယက်က ပရိတ်သတ်တွေအတွက် ဝေမျှပေးခဲ့ပါ သေးတယ်။

သူမက နေတိုးနဲ့အတူ သရုပ်ဆောင်ကွက်အလန်းစားတွေနဲ့ ပရိတ်သတ်တွေရဲ့ စိတ်ခံစားချက် တွေကို ဘယ်လိုတွေ အပြည့်အဝသိမ်းယူမလည်းဆိုတာ မကြာခင်မှာရုံတင်တော့မယ့် " တိမ်တိုက်တံတား " ဇာတ်ကားကို စောင့်ကြည့်ရင်ခုန်ရမှာပဲဖြစ်ပါတယ်။ ဗီယက်နမ်ပရိတ် သတ်တွေသာမက မြန်မာပရိတ် သတ်တွေကပါ ချစ်ခင်အားပေးတဲ့ ချစ်စရာကောင်းတဲ့ ဟုရန် မေလေးရဲ့ အကြွေစင်ပုံရိပ်တွေ ကို ပရိတ်သတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo – Nguyen Tran Huyen My’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။