တတ်တူးယဉ်ကျေးမှုဟာ လူငယ်တွေကြားထဲ စိမ့်ဝင်ရေပန်းစားနေခဲ့တာကြာပါပြီ ။ တတ်တူးကြိုက်နှစ်သက်သူတွေဟာ ယောကျာင်္းလေးမိန်းကလေးမခွဲခြားဘဲ တတ်တူးထိုးလာကြတာ ယခုခေတ်မှာတော့ မထူးဆန်းတော့ပါဘူး ။ ၀ါသနာပါလွန်းလို့ တတ်တူးထိုးတဲ့ပညာကို လေ့လာလိုက်စားကြတဲ့ Tatoo Artist တွေထဲ မိန်းကလေး Tatoo Artist တွေပါ ရှိလာခဲ့ပါတယ် ။ သူသူကိုယ်ကိုယ်ထိုးကြတဲ့ တတ်တူးတွေထဲ ပုံတူတတ်တူးတွေကလည်း လူကြိုက်အများဆုံးတတ်တူးပုံစံထဲ တစ်ခုအပါအဝင်ဖြစ်လာပါတယ် ။

ကိုယ့်ပုံတူ ကိုယ်ထိုးတာမျိုး ကိုယ့်ချစ်ရတဲ့ တန်ဖိုးထားရတဲ့သူတွေရဲ့ ပုံလေးကို ခန္တာကိုယ်ပေါ်မှာ ထိုးပြီး အမှတ်တရသိမ်းတာတွေ ချစ်သက်သေပြတာမျိုးတွေမှာ အများဆုံးထိုးကြပါတယ် ။ အနုပညာလောကထဲ က ဒီလိုပုံတူတတ်တူးလေးတွေ ရှိနေသူတွေက ဘယ်သူတွေလဲ ဆိုတာ ကြည့်ကြရအောင်နော် ...

ရဲရင့်အောင်

ရဲရင့်အောင်ကတော့ ခုလတ်တလောလေးမှာပဲ ချစ်သူမော်ဒယ် အေးငြိမ်းဖြူ နဲ့ စုံတွဲ ပုံကို လက်ဖျံပေါ်မှာ ချစ်သက်သေ အမှတ်တရ ထိုးခဲ့ပါတယ် ။

စိုင်းလွှမ်း

သမီးလေး စစ်လွန်းဝတီထက်ရဲ့ ဖေဖေ ကိုစိုင်းလွှမ်းကတော့ သမီးလေးရဲ့ ပုံတူလေးကို လက်မောင်းပေါ်မှာထိုးပြီး တန်ဖိုးထားရတဲ့ သမီးလေးကို ခန္တာကိုယ်ပေါ်မှာ သေရာပါ အမှတ်အသားအဖြစ် ရေးဆွဲထားခဲ့ပါတယ် ။ 

ဖြိုးလေး ( Snare )

ဖြိုးလေးကတော့ မိဘနှစ်ပါးရဲ့ ပုံကို ရင်ဘတ်မှာ ထိုးပြီး မိဘနှစ်ပါးကို သူဘယ်လောက်ချစ်တယ်ဆိုတာ ဖော်ပြထားခဲ့တာပါ ။ 

အိမ့်ချစ်

အိမ့်ချစ်ရဲ့ ပုံကိုတော့ အိမ့်ချစ်ရဲ့ ကိုယ်ပေါ်မှာ ထိုးထားတာမဟုတ်ပါဘူး ။ သက်ဆိုင်သူတစ်စုံတစ်ယောက်က ထိုးထားတာပါတဲ့ ။

တထေရာထဲတူပြီးလှလို့ ထည့်သွင်းဖော်ပြပေးလိုက်ပါတယ် ။

ဒါတွေကတော့ အနုပညာရှင်တွေရဲ့ ကိုယ်ပေါ်က အမှတ်တရ ပုံရိပ်လေးတွေပါ ။ ကိုယ်တန်ဖိုးထားရတဲ့သူကိုပဲ သေရာပါအဖြစ် ကိုယ်ပေါ်တတ်တူးထိုးပေးကြတာမို့

ကိုယ့်ပုံကို တတ်တူးအထိုးခံရတဲ့သူအဖို့ကတော့ တကယ့်ကို ပျော်ရွှင်ကြည်နူးစရာဖြစ်မှာ အမှန်ပါပဲ ။ ပရိတ်သတ်တို့ ဆီမှာရော ဒီလို တတ်တူးထိုး သိမ်းထားချင်လောက်အောင် ချစ်ရတဲ့သူတွေ ရှိနေကြပြီလား ?

သတင်းအရင်းမြစ် Payinn Yaung + sai hlwan + phyo lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။