ပရိသတ်အချစ်တော် ယွန်းယွန်းကတော့ ပရိသတ်တွေ သိချင်နေတဲ့ လျို့ဝှက်ချက်လေး တစ်ခုကို ထုတ် ဖော်ဖွင့်ဟ လိုက်ပြီပဲဖြစ်ပါတယ်။အဲ့ဒီလျို့ဝှက်ချက်လေး ကတော့ ပရိသတ်တွေချစ်တဲ့ သူမရဲ့ အပြုံးချိုချိုလေးတွေရဲ့နောက်ကွယ်က အကြောင်းပဲဖြစ်ပါတယ်။သူမရဲ့ ချစ်စရာအပြုံးလေးတွေ မြင်ချင်တဲ့ပရိသတ် တွေကတော့ မဖြစ်မနေ ဒီလျို့ဝှက်ချက်လေးကို သိထားသင့်ပါတယ်နော်။  

ယွန်းယွန်းကတော့ သူမဘယ်လောက်ပဲ ဆူပုတ်ပုတ်လေး ဖြစ်နေပါစေ သူမကိုချက်ချင်း ပြုံးသွားစေ မယ့် လျို့ဝှက်လက်နက်လေး တစ်ခုကိုပရိသတ်တွေစီ ပြောပြလာတာပဲဖြစ်ပါတယ်။သူမ ဆူပုတ်ပုတ် လေး ဖြစ်နေရင်တောင်ချက်ချင်း ပြုံးသွားစေချင်ရင်တော့ ကင်မရာလေးနဲ့ ချိန်လိုက်ပါတဲ့နော်။ဟုတ် ပါတယ် သူမကိုချက်ချင်း ပြုံးသွားစေတဲ့ လျို့ဝှက်လက်နက်လေးကတော့ ကင်မရာလေး ပဲဖြစ်ပါ တယ်။

ကင်မရာလေးနဲ့ သူမကိုချိန်လိုက်တာနဲ့ ဘယ်လိုအချိန်ကိုရောက်နေရောက်နေ ပရိသတ်တွေ ချစ်တဲ့ သူမရဲ့ အပြုံးချိုချိုလေးတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေလည်း သတိထားမိ လောက်မယ်ထင်ပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ တိုင်းလိုလိုမှာ အရမ်းကို ချစ်ဖို့ ကောင်းပြီးအေးချမ်းတဲ့ အပြုံးလေးတွေကို မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ဟုတ်မဟုတ် သေချာမသိသေးတဲ့ ချစ်ပရိသတ်တွေအတွက်လည်း သူမရဲ့ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ပရိသတ်တွေ ချစ်ရတဲ့ မိသားစုဝင် သူငယ်ချင်းတွေထဲမှာတော့ ယွန်းယွန်းလို ကင်မရာလေးနဲ့ ချိန်လိုက်တာနဲ့ ချက်ချင်းပြုံးသွားတဲ့ သူလေးတွေရှိလား???။

သတင်းအရင်းအမြစ် - ယွန်းယွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။