နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ ရွှေအိမ်စည်တစ်ယောက် ငပလီကမ်းခြေကို ရောက်ရှိ လို့နေပါ တယ်။ သူမဟာ ပရိတ်သတ်လက်ခံတဲ့ နာမည်ရရှိပြီးသား မော်ဒယ်တစ်ဦးဖြစ်ပြီး လက်ခံအားပေးသူ တွေကလည်း အများအပြားပါပဲ။ သူမဟာ အသက်ငယ်ရွယ်ပေမယ့် အသိပညာအပြည့်အဝရှိသူလေး ပါပဲ။ ပြီးခဲ့တဲ့ 2017 ခုနှစ်က ကျင်းပခဲ့တဲ့ Miss Grand International ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ အစစ အရာရာ ပြင်ဆင်ပြီးမှ အကြောင်းအမျိုးမျိုး ကြောင့် အေဂျင်စီနဲ့ပြဿနာတက်ကာ ပွဲမှာမဝင်ရောက်နိုင် တော့တာပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပက်သက်လို့လည်း သူမဖက်က အေဂျင်စီကို တရားစွဲဆိုထားပြီး လျှော်ကြေးငွေအ ဖြစ် မြန်မာငွေကျပ်သိန်းငါးထောင်တောင်းဆိုခဲ့ပါတယ်။

ပွဲမှာဝင်ရောက်မယှဉ်ပြိုင်ဖြစ်ပေမယ့် သူမရဲ့အလှနဲ့ပညာကိုတော့ ပရိတ်သတ်တွေက အသိမှတ်ပြု လေးစားပြီး အားပေးခဲ့ကြပါတယ်။ သူမဟာ မော်ဒယ်အလုပ်ကိုစိတ်ဝင်စားတဲ့ အတွက် မော်ဒယ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်မှာဖြစ်ပြီး ရုပ်ရှင်ရိုက်ဖို့ကိုတော့ သိပ်အားမသာဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် သူမသဘောကျပြီး သူမနဲ့လည်းလိုက်ဖက်မှု ရှိမယ့် ဇာတ်ရုပ်မျိုးဆိုရင်တော့ သူမကရုပ်ရှင်ဇာတ်ကားရိုက်ကူးဖြစ်မယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ သူမက Photo Shooting တွေရိုက်ကူးနေပြီး အောင်မြင်တဲ့မော်ဒယ် တစ်ဦးအဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။ အားပေးသူ ပရိတ်သတ်အမြောက်အများနဲ့သူမက အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေ တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ သူမက ငပလီကမ်းခြေကိုရောက်ရှိနေတာဖြစ်ပြီး လုံးဝကြွေဆင်းသွားမယ့် အမိုက်စား ပုံရိပ်တွေကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သူမရဲ့ Facebook မှာ “ Ngapali. ရောက်လေးပါပဲ I haven’t felt this chilled in ages ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ မော် ဒယ်ရွှေအိမ်စည်ရဲ့ ငပလီကမ်းခြေရောက် အမိုက်စားပုံရိပ်တွေကို ကြည့်ရှုဖို့အဆင်သင့်ပဲ ဆိုရင် ဖော်ပြပေးလိုက်ပြီနော်။

Photo – Shwe Eain Si’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။