မန္တလေးရောက်နေတဲ့ ပိုးကြာဖြူခင်လေးကတော့ မဟာအံ့ထူးကံသာဘုရားမှာ ဒီလိုမဟာဆန်ကာ လှပတဲ့ ပုံလေးတွေကို ရိုက်ကူးခဲ့ပါတယ်။

ပရိသတ်များရဲ့ချစ်ခြင်းကို အမြဲခံယူလိုတာကြောင့် ဆုတွေအများကြီး တောင်းခဲ့ပါသေးတယ်တဲ့ ။

အေးချမ်းတဲ့မျက်နှာလေးနဲ့ လိုက်ဖက်တဲ့ ပိတုန်းရောင်ဆံကေသာလေးနဲ့ သူမက မဟာဆန်တဲ့ အလှပိုင်ရှင်လု့ိ ဆိုရမှာပါပဲ။

MRTV – 4မှာလက်ရှိပြသနေတဲ့ “ဥယျာဉ်မှူး ဖြစ်ခူးချင်သည်” ဆိုတဲ့ဇာတ်လမ်း တွဲလေးထဲက ကျောင်းဆရာမလေးမို့ ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အချစ်တော်လေးပါ။

သူမရှိတဲ့နေရာထိကို တကူးတကလာရောက်တွေ့ဆုံကြကာ အချစ်များစွာနဲ့ လက်ဆောင်ပစ္စည်းလှလှလေးတွေကိုလည်း ပေးသွားကြတယ် တွေ့ရပါတယ်။

ပရိသတ်ကို စကားလုံးချိုချိုလေးတွေနဲ့ အမြဲတမ်း ဂရုတစိုက် ပြန်လည်ပြောဆိုတက်ပြီး နေရာတိုင်းမှာ ပရိသတ်နဲ့ တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေတဲ့ အနုပညာရှင်တစ်ယောက်ပါ။

“ဝင်္ကပါစံအိမ်” ဆိုတဲ့ဇာတ်လမ်းတွဲလေးက သူမဘဝရဲ့ ပထမဆုံးအောင်မြင်တဲ့ နေရာလေးတစ်ခုဖြစ်ပြီး ပိုးကြာဖြူခင် ဆိုတဲ့နာမည်လေးကို ပရိသတ်သိအောင်ချပြနိုင်ခဲ့တဲ့ ပထမဆုံးဇာတ်လမ်းတွဲလေးတစ်ခု ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲတွေ အဆက်မပြတ်ရိုက်ကူးနေရတဲ့ သူမလေးကို နောက်ထပ် ဇာတ်လမ်း တွဲလေးမှာရော ဘယ်လိုကာရိုက်တာနဲ့ မြင်တွေ့ရအုံးမှာလဲဆိုတာတော့ ရင်ခုန်စွာပဲ တူတူစောင့်ကြည့်ရအောင်နော် ။

Source – Poe Kyar Phyu Khin FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။