နိုင်ငံကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ ချီချီလို့ချစ်စနိုးခေါ်ကြတဲ့ နေခြည်ဦးဟာ လူမှုကွန်ရက်မှာ Beauty Bynaychi Page ကနေ အလှအပနဲ့ဖက်ရှင်ရေးရာတွေကို မျှဝေပေးနေသူဖြစ်ပါတယ်။

ဖေ့ဘုတ်ဆယ်လီတစ်ဦးလည်းဖြစ်တဲ့ သူမ ဟာ လက်တလောမှာတော့ MTRV4 က ထုတ်လွှင့်တဲ့အစီစဉ်တစ်ခုဖြစ်တဲ့ Make Me beautiful ပြိုင်ပွဲမှာ ဒိုင်တစ်ဦးအနေနဲ့ ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်မှာ ဒိုင်လုပ်နေတဲ့ သူမဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မိတ်ကပ်ဆရာ ဂျူလိုင်ရဲ့ မိတ်ကပ်ပြင်ဆင်မှုအပိုင်းကိုကြည့်ပြီး ဟတ်ဟတ်ပတ်ပတ် ရယ်မောရင်း ချို့ယွင်းချက်ကို ထောက်ပြခဲ့တာပါ။ 

အဲ့ဒီနောက်မှာ ပြိုင်ပွဲဝင် မိတ်ကပ်ဆရာ ဂျုလိုင်ပြင်ဆင်ပေးထားတဲ့ မော်ဒယ်ဖြစ်သူဟာ စင်ပေါ်မှာတင် စိတ်မကောင်းဖြစ်ကာ ငိုခဲ့တဲ့အတွက် ပရိသတ်အချို့ကတော့ နေခြည်ဦးကို ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

ချီချီ ရဲ့ ရယ်သံတွေဟာ သူတစ်ပါးကို မျက်ရည်ကျစေတဲ့အထိ လှောင်ပြောင်ရယ်မောတာဖြစ်တယ်လို့ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

ချီချီဟာ သူမရဲ့ ပရိသတ်တွေနဲ့သာမက အနုပညာအသိုင်းဝိုင်းမှာပါ ပွင့်လင်းသွက်လက်စွာ ပြောဆိုနေထိုင်လေ့ရှိတာကြောင့် သူမကိုချစ်ခင်အားပေးသူက တော်တော်များပါတယ်။

မိန်းကလေးပရိသတ်တွေကြားမှာ သူမရဲ့ အလှအပ နဲ့ ဖက်ရှင်ပုံရိပ်တွေက ရေပန်းစားလျက်ရှိပြီး သူမဟာ ပြည်ပက ဖက်ရှင်ရှိုးပွဲတွေထိ ဖိတ်ကြားခံရသူဖြစ်ပါတယ်။

နေခြည်ဦး ဟာ သူမအနေနဲ့ အခုလို တမင်လှောင်ပြောင်ချင်တဲ့ ပုံစံမျိုးနဲ့ ရယ်ခဲ့မိတာမဟုတ်ပေမယ့် လူမှုကွန်ရက်ကလူအချို့ကတော့ သူမအပေါ် ပြင်းပြင်းထန်ထန်ဝေဖန်နေတာဖြစ်ပါတယ်။

လက်တလောမှာတော့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ချီချီ တစ်ယောက် စိတ်ပင်ပန်းမှုတွေခေါက်ပြီး ငပလီမှာ အပန်းဖြေနေတယ်လို့ သိရပါတယ်။

Source : Myanmar Beauty Stars

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။