အနုပညာလုပ်ငန်းတွေကို အားသွန်ခွန်စိုက်လုပ်ကိုင်ရင်း ပရိတ်သတ်တွေအတွက်အမြဲကျိုးစားနေတဲ့ အနုပညာရှင်တွေထဲက တယောက်အပါအဝင်ဖြစ်တဲ့ ပိုပို ကတော့ ပရိတ်သတ်ချစ်အဆိုတော်မလေးတစ်ယောက် ပဲဖြစ်ပါတယ်။ သူမရဲ့သီချင်းတွေကိုရော ပရိတ်သတ်တွေကြိုက်နှစ်သက်ကြရဲ့လား။သူမရဲ့သီချင်းလေးတွေက နားထောင်သူတွေရဲ့ ရင်ဘတ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ စိတ်စွမ်းအင်လေးတွေအလား နားထောင်ကောင်းလှပါတယ်။

လတ်တလောမှာလဲ သူမက တခြားသောအနုပညာရှင်များစွာနဲ့အတူ ကယားမှာ show လေးတစ်ပွဲသွားရောက်သိဆိုဖျော်ဖြေပေးထားတာပဲဖြစ်ပါတယ်။ သူမနဲ့အတူ ဝိုင်းလေး၊ သားငယ် ၊ချမ်းချမ်း ၊ဘိုဖြူနှင့်အတူ အခြားသောအနုပညာရှင်များစွာ ကယမန်နေ့ညမှာ ဖျော်ဖြေပေးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဖျော်ဖြေပုံတွေကို ကြည့်ရှုခံစားလိုက်ရတဲ့ ပရိတ်သတ်တွေလဲ ရှိကြမယ်ထင်ပါတယ်။

ဒီကနေ့မနက်မှာတော့ ပိုပိုက ဘေဘီပိုဟာဘယ်လောက်ပျော်ရွှင်နေသလဲဆိုတာရုပ်ကိုသာကြည့်တော့ ဘေဘီ ကိုစိတ်ချမ်းသာအောင်ထားပေးလို့ကျေးဇူနော် လို့ သူမရဲ့ ဖေ့ဘွတ်အကောင့်ကနေတင်ခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ သူမကိုပျော်အောင်ထားပေးတာ သူမရဲ့ ပရိတ်သတ်တွေပဲလား။ ဒါမှမဟုတ်ရင်တော့ သူမရဲ့ ကိုကိုလေးများဖြစ်နေမလားဆိုတာကတော့ စိတ်ဝင်စားစရာလေးပဲနော်။

source - Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။