ကယားပြည်နယ် လွိုင်ကော်မြို့ကို သွားခဲ့တဲ့ ဂီတလောကသားများကတော့ များစွာရှိခဲ့ပါတယ်။ ယင်းအဆိုတော်များကတော့ ပရိသတ်ကြိုက် အဆိုတော်ကြီးများစွာ ပါဝင်သီဆိုခဲ့ကြောင်း သိရပါတယ်။ ယင်းဂီတပညာရှင်များမှာ IC အဖွဲ့သားများ ဖြစ်ကြတဲ့ လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်းအပြင် ဘိုဖြူ ၊ ဟန်ထွန်း၊ ပိုပို၊ချမ်းချမ်း၊ ဝိုင်းလေး၊ အိုင်းရင်းဇင်မာမြင့် ၊ သားငယ်၊ အောင်ထက်၊ မနောနှင့် အခြားဂီတလောကသားများ စွာသွားရောက်သီဆိုခဲ့ကြောင်း သိရပါတယ်။

ပရိသတ်အချစ်တော် များထဲမှာ အချို့ကတော့ ဒီကနေ့မနက်အစောပိုင်းကပဲ ရန်ကုန်သို့ ပြန်လာနေပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ အဆိုတော်များထဲတွင် ပရိသတ်အချစ်တော် တေးသံရှင်မနောကလည်း ရန်ကုန်သို့ ပြန်နေပြီဖြစ်ကြောင်း သူ့၏ လူမှုစာမျက်နှာမှာ တင်ထားခဲ့ပါတယ်။ တေးသံရှင်မနောတင်ထားတာကတော့ " ဆိုပြီးပြီ လွိုင်ကော်ပွဲ သာယာချမ်းမြေ့ပါစေ" ဟူ၍တင်ထားတာပဲဖြစ်ပါတယ်။ 

တေးသီချင်းအလန်းလေးတွေ ကို သီဆိုတက်တဲ့ တေးသံရှင် ပိုပို၊ ဟန်ထွန်း၊ ချမ်းချမ်း၊ အောင်ထက်၊ သားငယ်၊ ဘိုဖြူ၊ ဝိုင်းလေး၊ အိုင်းရင်းဇင်မာမြင့်နှင့်အခြား ဂီတလောကသားအချို့လည်း ပြန်နေပြီဖြစ်ကြောင်း သိရပါတယ်။ ပရိသတ်ကြီးအတွက် လွိုင်ကော်မြို့မှာ သီဆိုဖျော်ဖြေပွဲတွေ လုပ်ဆောင်ပြီး ပြန်လာနေသော တေးသံရှင်များအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source - မနော

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။