ကမ္ဘာကျော် Cranberries ဂီတအဖွဲ့ခေါင်းဆောင် အမျိုးသမီးအဆိုတော် Dolores O’Riordan ဟာ မနေ့က လန်ဒန်မြို့မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။

အသက်(၄၆)နှစ်အရွယ် အဆိုတော် Dolores ဟာ အိုင်ယာလန်Band ဖြစ်တဲ့ Cranberries အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူမ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ လက်ရှိအချိန်ထိ အသေးစိတ်မသိသေးရသေးဘူးလို့ CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။

သူမလို အရည်အချင်းရှိတဲ့ ဂီတသမားတစ်ယောက် ကြွေလွင့်သွားရတာနဲ့ပတ်သက်ပြီး ပရိသတ်တွေနဲ့ အနုပညာအသိုင်းဝိုင်းကပါ ၀မ်းနည်းကြောင်းစာတွေရေးသားပေးပို့ခဲ့ကြတာပါ။

သူမဟာ ဆွဲငင်အားအပြည့်ရှိတဲ့ အမိုက်စားအသံပါ၀ါနဲ့ သီချင်းတွေကြောင့် ကမ္ဘာတစ်လွှားမှာ သူမကို ချစ်ခင်အားပေးတဲ့ ပရိသတ်တွေရှိနေတာပါ။

သူမ ပါ၀င်ဖွဲ့စည်းထားတဲ့ တေးဂီတအဖွဲ့ Cranberries ဟာ (၁၉၉၀) ခုနှစ်ဝန်းကျင်ခန့်ကစပြီး ပရိသတ်တွေကြားမှာ အောင်မြင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။

"Linger" "Zombie" နဲ့ "Dreams စတဲ့ သီချင်းလေးတွေဟာ လူကြိုက်များခဲ့ပြီး တစ်ကမ္ဘာလုံးကို သီချင်းခွေ စုစုပေါင်း (၄၀) မီလျံခန့်ဖြန့်ချိ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒ့ါပြင် (၂၀၀၇)ခုနှစ်မှာ Are you Listening?" ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိခဲ့ပြီး (၂၀၀၉)ခုနှစ်မှာ သူမတို့အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့တာပါ။ 

Something Else ဆိုတဲ့ အခွေကိုလည်း သူတို့အဖွဲ့ဟာ (၂၀၁၇)ခုနှစ်က ထွက်ရှိနိုင်ခဲ့ပြီး ပရိသတ်တွေတခဲနက်အားပေးမှုတွေရရှိခဲ့တယ်လို့သိရပါတယ်။  

CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။