ဒီနေ့ဘာဟင်းချက်မလဲ စဉ်းစားရတာအိမ်ရှင်မတို့ ခေါင်းကိုက်ရတဲ့အလုပ်တစ်ခုပါ။ကိ်ုယ်ကတော့ အိမ်ကနေပြီး ဒါမစားချင်ဘူး။ ဟိုဟာမကြိုက်ဘူးဆိုပြီး အားမနာတမ်း ပြောခဲ့တာကို ။တစ်ကယ်တော့ ကိုယ်ကိုတိုင် စျေးဝယ်ထွက်ကြည့်လိုက်မှ ခံစားဖူးကြမှာပါ ။ ခုတင်ပြပေးမဲ့ ငါးမျိုးစုံစွာ စားသောက်ခြင်း ကြောင့် ရရှိနိုင်တဲ့ကျန်းမာရေးကောင်းကျိုးတွေကို တင်ပြပေးမှာဖြစ်ပါတယ်။ မိသားစုကျန်းမာရေးအတွက် တစ်ဖက်တစ်လမ်းက ကူညီလို့ရအောင် ဘယ်လိုငါးတွေကိုစားရင် ဘယ်လောက်ကောင်းကျိုးရှိတယ်ဆိုတာ ကိုတင်ပြပေးမှာပါနော်။ ဒီနည်းတွေကို သိပြီးလို့ရှိရင်လည်း တစ်ကယ်ချက်စားဖို့တိုက််တွန်းချင်ပါတယ်။ ပထမတစ်ခုကတော့ ငါးမြွေထိုး ပဲဖြစ်ပါတယ်။အမျှင်ဓာတ်တွေပါဝင်တဲ့အတွက် အစာကြေလွယ်စေတယ်၊ လေရောဂါနှင့် သလိပ်ကိုပျော်စေတယ်။ အမျိုးသားတွေအတွက် အကြောအားကို ကောင်းမွန်စေပါတယ်။ နောက်တစ်ခုကတော့ ငါးဘတ်- မွှေးမွှေးလေး အိုးကပ်လေးချက် အရသာအလွန်ကောင်း အားပြည့်စေပြီး အမျိုးသားတွေရော အမျိုးသမီးတွေကိုပါ သုတ်ကောင်ပွားစေပါသတဲ့။

ငါးလင်ဘန်း - လူကိုခွန်အားတိုးစေ ပြီးသုတ်ထွက်အားကောင်းဖို့အထောက်အကူ ပြုပေးပါတယ်။ ကိုယ်တွင်းအပူချိန်ကြောင့် လည်ချောင်းနာ ခြင်း၊ ခံတွင်းပျက်နေသူတွေ စားသင့်ပါတယ်နော်။ ငါးပြက်- ဝမ်းချုပ်ခြင်း၊ အရိုးခိုင်မာစေခြင်း၊ အစာမကြေ ဝေဒနာအတွက် သက်သာစေပါတယ်။ ငါးသလဲထိုး - အကြောတက်ဝေဒနာ၊ လေနှင့်ဆိုင်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။ ငါးသလောက် - သွေးတက်ခြင်းအတွက် ဂရုစိုက်ပါ။ နား၊မျက်စီ၊ သည်းခြေ၊ ဝေဒနာ သည်များ ရှောင်သင့်ပါတယ်နော်။ ငါးအိုက် - အိပ်မပျော်ရင် သူ့ကို တစ်ပတ်နှစ်ရက်လောက်စားပေးသင့်ပါ တယ်။ ငါးဒန် - ချွဲသလိပ် ကြေစေသတဲ့။ ငါးနုသန်း - လေရောဂါအတွက်စားပေးသင့်ပါတယ်။ ငါးရှဉ့်ကတော့ အမျိုးသားတွေအတွက် ခွန်းအားတိုးစေပါတယ်နော်။ အမျိုးသမီးတွေ အနေနဲ့ အများကြီး မစားသင့်ပါဘူးနော်။ ငါးပြေမ ၊ ငါးရံ့၊ ကတော့အစာကြေစေသတဲ့။ ငါးဖယ်ကတော့ သုတ်ကို ပွားစေပါတယ်။

အစာအိမ်သမားတွေ အတွက် ငါးဖယ်ကို နည်းနည်းပဲစားသင့်ပါတယ်။ အကြောတတ်သူ၊ ယားနာဝေဒနာ ဖြစ်တဲ့သူများမစားသင့်ပါဘူး။ ငါးခူကတော့ သုတ်လွန်ခြင်းကိုပျောက်စေပြီး လေရောဂါ အတွက် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ရင်ပူစေတတ်ပါတယ်နော်။ ငါးဇင်ရိုင်း- အိပ်ငိုက်ခြင်း၊ ဝမ်းသွားခြင်း၊ ချွဲသလိပ်ထခြင်းအတွက် ကာကွယ်ပေးပါတယ်။ ငါးခုံးမ- လေနာအတွက် အားကိုးရတဲ့ ငါးတစ်မျိုးပါနော်။ အဆိပ်တောက်တွေကို်လည်း ပျေက်စေပါတယ်။ နောက်တစ်ခုကတော့ ငါးမန်းစွယ် ပဲဖြစ်ပါတယ်။ အမျိုးသားတွေအတွက် ဒူလာဝေဒနာကို ယူပစ်သလို ပျေက်ကင်းနိုင်ပါတဲ့ ။နိုင်ငံတကာမှာ စျေးကြီးဝယ်စား ရတဲ့ ဟင်းတစ်မျိုးပါ။ ငါးကြီးအဆိ ကတော့ အမျိုးသားတွေ ဆီကျိတ်ကင်ဆာ ကာကွယ်ပေးပါတယ်။ မျက်စိ အားကောင်းစေပြီး အသားအရေနှင့် ဆံပင်အတွက်လည်း အထူးကောင်းမွန်ပါတယ်။ ကဲ အိမ်ရှင်မတွေ အတွက် မနက်မိုးလင်းလို့စျေးရောက်ရင်း ဘယ်လိုငါးတွေက ဘယ်လိုအကျိုးရှိတယ်ဆိုတာ သိထားတော့ ခေါင်းမစားရတော့ဘူးပေါ့ ။အားလုံးကျန်းမာကြပါစေ။

Source : pauk pauk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။