မြန်မာနိုင်ငံရဲ့ အထင်ကရနေရာတွေထဲက တစ်ခုဖြစ်တဲ့ မွန်ပြည်နယ် တွင်တည်ထားကိုကွယ်လျှက်ရှိတဲ့ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးပဲဖြစ်ပါတယ်။ ပရိသတ် အများစုကတော့ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ရောက်ဖူးကြမယ် ထင်ပါတယ်။ ကျိုက်ထီးရိုးစေတီတော်တွင် ကုသိုလ်ရှင်အများစုကတော့ သာယာပျော်ရွှင်စရာကောင်းသော အသံပိုင်ရှင်များဖြစ်ဖို့ ဆည်းလည်းလေးတွေလှူဖူး ကြမယ်ထင်ပါတယ်။ 

အဆိုပါ ကုသိုလ်ရှင်များရဲ့ ဆည်းလည်းလေးတွေကို အမြဲလိုလိုပြန်လည်တွေမြင်မှု မရှိလို့ ကုသိုလ်ရှင် အချို့ ကပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း "ကျိုက်ထီးရိုးဘုရား ဖူးသူတိုင်း အများအားဖြင့် ဆည်လည်း လှူဖူးကြပါလိမ့်မယ်။ အရင်ကဆို အလှူ့ရှင်တွေရဲ့ ဆည်းလည်းတွေကို ကဗျည်းပြန်ဖျက် နောက်လူပြန်ရောင်း အဲ့အလှူငွေတွေ ဘယ်ရောက်သွားလဲ မသိရပေမယ့် ၁ နှစ်ကျော်သာရှိသေးတဲ့ ဂေါပကသစ်လက်ထက်မှာ ဘုရားဖူး ပြည်သူတွေ လှုဒါန်းထားခဲ့တဲ့ ဆည်းလည်းတွေကို စုဆောင်းပြီး ၇ သားသမီးတို့အလှုအဖြစ်နဲ့ ခေါင်းလောင်းကြီး သွန်းလောင်းပြီး ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ကြီးမှာ ကပ်လှူပူဇော်ခဲ့ပါပြီ "ဟူ၍ သိရပါတယ်။

ပရိသတ်များအတွက် အလှူတစ်ခုဖြစ်လာတဲ့ ကျိုက်ထီးရိုးစေတီတော်ကြီးတွင် ထားရှိမည့် ခေါင်းလောင်းကြီးကတော့ ပရိသတ်များရဲ့ အလှူတစ်ခုလည်းဖြစ်လာတော့မှာပါ၊ ပရိသတ်များအတွက် သာဓုခေါ်ဆိုနိုင်မည့် အလှူတစ်ခုအကြောင်း မျှဝေပေးလိုက်ပါတယ်။

Source - ZN.H

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။