ဂျပန်မြို့တစ်ခုရှိ ဒေသခံများအနေဖြင့် ငါးပူးတင်း၏ အဆိပ်ရှိသော အစိတ် အပိုင်းများကို ရောင်းချနေကြောင်း တွေ့ရှိခဲ့ရပြီးနောက် ယင်းငါးများ ကို ဝယ်ယူစားသုံးခြင်းမပြုရန် အရေးပေါ် သတိပေးချက်တစ်ခုကို ထုတ်ပြန်ထားကြောင်း သိရသည်။ ဂျပန်နိုင်ငံအလယ်ပိုင်း ဂါမာဂိုရီမြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် စားသုံးသူများကို သေစေနိုင်သော အဆိပ်ပါ ရှိသည့် အသည်းများကို ဖယ်ရှားထားခြင်းမရှိသည့် ငါးပူတင်း ငါးထုပ်ကို ရောင်းချနေသည်ဟု ဆိုသည်။ ဒေသတာဝန်ရှိသူ ကိုဂျီ တာကာယာနာဂီက "ကျွန်တော်တို့ဟာ ဂါမာဂိုရီမြို့ရဲ့ အရေးပေါ် ကြိုးမဲ့ စနစ်ကို အသုံးပြုပြီး ငါးပူတင်းမစားကြဖို့ ဒေသခံတွေကို ဆော်သြနေရပါတယ်" ဟု ပြောကြားခဲ့သည်။

ယင်းငါးထုပ်မှ သုံးထုပ်ကို ယနေ့တွင် သိမ်းယူမည်ဖြစ်သော်လည်း ကျန်သော နှစ်ထုပ်၏ တည်နေရာကိုမသိရှိရသေးကြောင်း ၎င်းကဆိုသည်။ ငါးပူတင်းသည် ဂျပန်နိုင်ငံ၏ ဈေးအကြီးဆုံးဆောင်းရာသီ စားသောက်ဖွယ်ရာ တစ်ခုဖြစ်ပြီး ဆာရှီမီနှင့် ဟော့ပေါ့တို့ကို သုံးဆောင်ရာတွင် အလွှာပါးလေးများ လှီးကာ စားသုံးလေ့ရှိကြသည်။

သို့သော် ငါး၏ အရေခွံ၊ အူ၊ အူအိမ်နှင့် အသည်းတို့တွင် လူကို သေစေနိုင်သော တက်ထရာဒိုတိုဇင်ဟု ခေါ်သော အဆိပ်တစ်မျိုး ပါရှိနေသည်။ ဂျပန်စားတော်ကဲများက ယင်းငါးကို ပြင်ဆင်ရန် အထူးခွင့်ပြုချက်ရယူရန် လိုအပ်သော်လည်း ဂျပန်နိုင်ငံရှိပြည်သူများမှာ မမှန်မကန်ပြင်ဆင်ထားသော ငါးပူတင်း ငါးများကို နှစ်စဉ်သတ်ဖြတ်ကြပြီး လူဒါဇင်နှင့်ချီ၍ မသေစေနိုင်သော ဘေးထွက်ဆိုးကျိုးများကို ခံစားခဲ့ကြရသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

Source : Pyimyanmar(facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။