အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ အလုပ်မှုဆောင်တစ်ဦးဖြစ်တဲ့ ဦးဖြစ်တဲ့ ဦးဘဟန်ရဲ့အုတ်ဂူဟာ ဇန်နဝါရီလ (၁၅)ရက်နေ့မှာ ဖောက်ထွင်းခံခဲ့ရတာဖြစ်ပါတယ်။ဒဂုံမြို့သစ်မြောက်ပိုင်းနေ ရှမ်းတဲကြီးကျေးရွှာအုပ်စုနေ အသက် (၇၇)နှစ်မှာ သေဆုံးခဲ့တဲ့ ဦးဘဟန်ရဲ့အုတ်ဂူအဖောက်ခံရကြောင်းကို တိုင်းဒေသကြီးလွတ်တော်မဲဆန္ဒနယ် (၁) မှ လွတ်တော်ကိုယ်စားလှယ် ဦးညီညီထံမှ သိရပါတယ်။

“တောင်ဒဂုံရှမ်းတဲကြီးက NLD အလုပ်အမှုဆောင် အဘဦးခင်ဟန်ရဲ့အုပ်ဂူ အဖောက်ခံရတာနဲ့ပတ်သက်ပြီး ပါတီ ဝင်တွေနဲ့ မြို့နယ်အလုပ်အမှုဆောင်တို့က အကြောင်းကြားလာတာကြောင့် မနေ့က ည၉နာရီလောက် ရုံးအဖွဲ့တွေ နဲ့အတူ ရှမ်းတဲကြီးကျေးရွာကို သွားရောက်ခဲ့ပါတယ်”လို့ ၎င်းက ပြောပါတယ်။

ဒီအုတ်ဂူအဖောက်ထွင်းခံရမှုကို ကြည်ရှုစစ်ဆေးရာ သေဆုံးသူရဲ့အမှတ်တရ ပစ္စည်းတွေကတော့နေရာတွေလွဲနေပြီး ဦးဘဟန်ရဲ့လက်ပတ်နာရီပျောက်ဆုံးခဲ့တာကို တွေ့ရှိရပါတယ်။

“သေဆုံးသူရဲ့မိသားစုဝင်တွေကလည်း ဘာတွေခိုးယူသွားလည်း အထဲမှာတစ်ခုခု အဖျက်စီးခံထားရတာတွေရှိမ လားဆိုတာ သိရအောင်ကြည့်ပါရစေဆိုပြီး ဖွင့်ကြည့်ခဲ့တယ်။ အဲ့ဒီမှာ အပျက်အစီးတွေမရှိဘူး၊ သေဆုံးသူရဲ့ အမှတ် တရ အဖွဲ့ချုပ်ပစ္စည်းတွေတော့ နေရာတွေလွဲနေတယ်လို့ပြောပါတယ်။ ထပ်စစ်ကြည့်တဲ့အခါ အဘဦးခင်ဟန်ရဲ့ ပတ်နေကြနာရီမတွေ့ရှိရတော့ဘဲ ပျောက်ဆုံးနေတာကို သိရှိခဲ့ရတယ်”လို့ အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောပါ တယ်။ 

Source - myanmapaltform

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။