မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မန်စီးတီးအသင်းကို အမီလိုက်နိုင်သေးတယ်လို့ စတုတ်စီးတီးအသင်းနဲ့ ပွဲပြီးပြောစကားမှာ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။မန်ယူအသင်းဟာ မနက်က စတုတ်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့တာလည်းဖြစ်ပါတယ်။အဲ့ပွဲမှာ ပေါ့ဘာ ဟာ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး Man Of The Match ဆုကို လည်းရရှိခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာဟာ " ချန်ပီယံဆုအတွက် အလျော့ပေးသွားမှာမဟုတ်ပဲ မန်စီးတီးအသင်းကို အမီလိုက်ဖို့ တိုက်ပွဲဝင်သွားအုံးမှာပါလို့ ပွဲပြီးပြောစကားမှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဆက်လက်ပြီးပေါ့ဘာက " အန်ဖီလ်းမှာ မန်စီးတီးအသင်းရှုံးနိမ့်ခဲ့တာဟာ မန်ယူအသင်းအတွက် အခွင့်ရေးကောင်းတစ်ရပ်ဖြစ်စေခဲ့ပါတယ်။မန်ယူအသင်းကလည်း မန်စီးတီးအသင်းကို အမြဲတမ်းဖြတ်ကျော်ချင်နေတဲ့ အသင်းဖြစ်ပါတယ်။လက်ရှိမှာ ကိုယ့်အသင်းနိုင်ပွဲရဖို့ပဲ အာရုံစိုက်သွားမှာဖြစ်ပြီး မန်စီးတီးအသင်းကို အမီလိုက်ဖို့ ကြိုးစားသွားမှာပါလို့ ပြောသွားခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ လက်ရှိမှာ ရမှတ် ၅၀ နဲ့ အဆင့် ၂ နေရာမှာ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ဇယားထိပ်ဆုံးက မန်စီးတီးအသင်းနဲ့ ၁၂ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ပေါ့ဘာ ပြောခဲ့သလို အမီလိုက်နိုင်မှာလားဆိုတာတော့ နောက်လာမယ့်ပွဲစဉ်တွေမှာ စောင့်ကြည့်သွားရမယ်ဗျာ။

source - skynet  sports channal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။