မျက်နှာတွေပေါ်က အမဲစက်တွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းမျိုးစုံရှိတက်ကြပါတယ်။ ဒါပေမယ့် အချိန်တိုအတွင်းအမှန်တကယ် ထိရောက်မှုရှိတဲ့နည်းလမ်းတွေကတော့ ရှားပါတယ်နော် ။

ဒီနည်းလမ်းလေးကတော့ အိမ်မှာရှိတဲ့ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ပဲ ပြုလုပ်နိုင်တာကြောင့် အမည်းစက်တွေကြောင့် စိတ်ညစ်နေမယ်ဆိုရင် နည်းလမ်းကောင်းလေးရှိနေပြီမို့ အခုကစပြီး ပျော်ပျော်နေလိုက်တော့နော် ။

နည်းလမ်းကောင်းလေးကတော့

အာလူး

အာလူးကတော့ အမည်းစက်တွေပျောက်ကင်းစေမယ့် ဆရာတစ်ဆူပါပဲ။ ပါးပါးလှီးပြီး မျက်နှာကိုကပ်ပေးလို့ရပါတယ်။

ဒါပေမယ့် ဒီနည်းလမ်းလေးမှာတော့ အာလူး (၁) လုံးကိုအခွံခွာပြီး ပါးပါးလှီးထားပါ။

သံပုယိုသီး

သံပုယိုသီးအနေတော် တစ်လုံးကိုယူပြီး တဝက်ခြမ်းထားပါ။

ပြီးတဲ့အခါမှာ လှီးထားတဲ့အာလူးများကို ကျိတ်စက်ထဲထည့်ကျိတ်ပါ။ ရလာတဲ့အနှစ်တွေထဲကို သံပုယိုသီးတစ်ခြမ်းကို ညှစ်ထည့်ပြီး သမအောင်မွှေပါ။

ရလာတဲ့အနှစ်တွေကို ရေခဲသေတ္တာထဲက ရေခဲပုံစံခွက်ထဲကိုထည့်ပြီး အေးခဲသွား အောင်လုပ်ပါ။

ရလာတဲ့ရေခဲတုံးလေးတွေကို အမည်းစက်ရှိတဲ့နေရာအနှံပွက်တိုက်ပေးမယ်ဆိုရင်တော့ အချိန်တိုအတွင်း အမည်းစက်ကင်းစင်တဲ့ မျက်နှာလှလှလေးရပြီပေါ့။

ကဲ….လှချင်တယ်မဟုတ်လား စမ်းကြည့်လိုက်ရအောင်နော်။

Source – Mystyle Myanmar & You Tube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။