ဟာသသရုပ်ဆောင် ဒိန်းဒေါင်ကတော့ မကြာခင်မှာ ဘုရားတကာကြီးဖြစ်တော့မှာပါ။မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရတဲ့ ကုသိုလ်တစ်ခုလို့ပြောရမယ် ဘုရားတည်ခြင်းကုသိုလ်ဟာလည်း ဘဝအဆက်ဆက်ရခဲတဲ့ ကုသိုလ်ပါ။ဘုရားတည်ရခြင်းကြောင့် ယခုဘဝမှာသာမက နောက်ဘဝအထိကို ကုသိုလ်ကံအဟုန်ကို မလွဲမသွေခံစားကြရပါတယ်။သရုပ်ဆောင် ဒိန်းဒေါင်ကတော့ လူအများလေးရတဲ့ ဘုရားတည်ခြင်းကုသိုလ်ကောင်းမှု ပြုလုပ်ခဲ့ပါတယ်။

သူကတော့ မွန်မြတ်တဲ့ ဒီအလှူကို ကြည်နှုးမှုအပြည့်နဲ့ အခုလိုပဲ သူရဲ့ဖေ့ဘုတ်မှာ ပြန်လည်မျှဝေထားပါတယ်

“မိဘကျေးဇူးဆပ်ဘုရားကြီးအရံစေတီ၂၈ဆူဌာပနာပိတ်ပွဲတော့အောင်မြင်သွားပြီအမြန်ဆုံးထီးတော်တင်ပွဲလုပ်ချင်တယ်ဗျာ” ဆိုပြီး လူတိုင်းသာစုခေါ်နိုင်ရန်မျှဝေပေးထားပါတယ်။

မိဘကျေးဇူးဆပ်ဘုရားကြီးကို မြောက်ဒဂုံ၄၈ရပ်ကွက်ကျောင်းဂွေ့မှတ်တိုင်ကြိုးတံတားအနီး မှာတည်ထားခဲ့တာဖြစ်ပါတယ်။အခုဆိုရင် ဘုရားထီးတင်ဖို့တစ်ခုသာလျှင် ကျန်ပါတော့တယ်။ပရိသတ်ကြီးလည်း ဒိန်းဒေါင်ရဲ့ အလှူကို သာဓုခေါ်ပေးလိုက်ပါအုံးနော်။

source - dain daung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။