တစ်နေ့ထက်တစ်နေ့ ပရိသတ်အားပေးမှုတွေရရှိပိုင်ဆိုင်လာတဲ့ ဇေရဲထက်ကတော့ အရင်နဲ့မတူ ပိုမိုထူးခြားတဲ့ အနုပညာတွေတင်ဆက်နိုင်ဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။ ဇေရဲထက်ကတော့ သူသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ် တိုင်းကို ပီပီပြင်ပြင် ခံစားသရုပ်ဆောင်လေ့ရှိတာကြောင့် ပရိသတ်တွေ အမြဲချီးကျူးအားပေး နေရတာပဲ ဖြစ်ပါ တယ်။ယခုလည်း ပရိသတ်တွေ ကြက်သီးထလောက်တဲ့ အနုပညာတစ်ခု ချပြလိုက်တာ ပဲဖြစ်ပါတယ်။

လက်ရှိသူရိုက်ကူးနေတဲ့ အနုပညာခြေလှမ်းအသစ် တစ်ခုမှာ တကယ်ကို စိတ်ရောကိုယ်ပါ နစ်ပြီးသရုပ်ဆောင် နေတာကို မြင်တွေ့ရတာပဲဖြစ်ပါတယ်။ဇေရဲထက် ကိုယ်တိုင်လည်းသူအခုလိုသရုပ်ဆောင် ရိုက်ကူးခဲ့ရတာ ရင်ကွဲပြီး ဦးနှောက်သွေးကြော ပြတ်မတက်ခံစားပြီး ရိုက်ကုးခဲ့ရပါတာဖြစ်တယ်လို့ ဆိုပါတယ်။ပရိသတ်တွေ အခုမြင်တွေ့ရတဲ့ ပုံရိပ်လေးတွေကလည်း သူဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့လည်းဆိုတာကို သက်သေပြနေတဲ့ ပုံရိပ်လေးတွေ ဖြစ်လောက်မယ် ထင်ပါတယ်။  

အခုလိုအနုပညာပေါ်စိတ်နှစ်ပြီး ဦးနှောက်သွေးကြော ပြတ်မတက် စူးစူးနစ်နစ် ကြိုးစားခဲ့တဲ့ ပုံရိပ်တွေကိုကြည့် ပြီး ချစ်ပရိသတ်တွေပါ အံ့သြကြက်သီးထခဲ့ကြရတာပဲဖြစ်ပါတယ်။ချစ်ပရိသတ် တွေကတော့ ဇေရဲထက်ရဲ့ ကြိုးစားမှုအပေါ် အားပေးလက်ခံကြပေမယ့် သူတို့ရဲ့အချစ်တော်လေး ကျန်းမာရေးထိခိုက်မှာလည်းအရမ်းကို စိတ်ပူပေး နေကြတာပဲဖြစ်ပါတယ်။Myanmarload ပရိသတ်တွေအတွက်လည်း ဇေရဲထက်ရဲ့ ကြက်သီးထဖွယ် အနုပညာတင်ဆက်မှုပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဇေရဲထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။