တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တွေထဲမှာလည်း အဆိုတော်မလေး ရတနာမိုင်ကလည်း တစ်ဦးအပါအဝင်ပါပဲ..။

အခုတစ်ခါမှာလည်း City FM ရဲ့ နှစ်ပတ်လည်အခမ်းအနားပွဲမှာ အဆိုတော် ရတနာမိုင်ဟာ သီချင်းတောင်းဆိုခံရမှု အများဆုံး ရရှိထားတဲ့ အမျိုးသမီး တေးသံရှင်ဆုကို ရရှိခဲ့ပါတယ်..။

ဇန်နဝါရီ(၁၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ City FM ရဲ့ (၁၆)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ (၂၀၁၇)ခုနှစ်အတွက် သီချင်းတောင်းဆိုခံမှု အများဆုံး အမျိုးသမီးဆုကို ရရှိပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်..။

ဆုရရှိခဲ့တဲ့အတွက်လည်း ရတနာမိုင်တစ်ယောက် အရမ်းကို ဝမ်းသာပျော်ရွှင်ရပြီး မျက်ရည်တွေတောင်ကျခဲ့ပါသေးတယ်..။

ချစ်ခင်ရတဲ့ အနုပညာရှင် အသိုင်းအဝိုင်းများနဲ့ ပရိသတ်တွေကို ဖေ့စ်ဘွတ်စာမျက်နှာကနေ ဂုဏ်ပြုစကားများပြောပေးထားကြပြီး ထပ်တူဝမ်းသာပျော်ရွှင်မိတဲ့ အကြောင်းလေးတွေကိုလည်း ပြောထားကြတာ တွေ့ရပါတယ်..။

ဆုရရှိခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်ရပြီး သူမရဲ့ ခံစားချက်လေးကိုလည်း ရတနာမိုင်က ပြောပြထားပါသေးတယ်..။

“ဒီနေ့လေးကိုအရမ်းပျော်ပါတယ် ပြောမပြတတ်အောင်ပါပဲ ဂီတသက်တမ်း ၁၂ နှစ်မှာ ဒုတိယအကြိမ်ရတဲ့ဆုလေးကို City Fm မှာကိုယ်တိုင်တတ်ယူခွင့်ရလို့ အမှတ်တရနေ့လေးပါပဲ..။

အားပေးကြတဲ့ ချစ်တုံးလေးတွေကြောင့်ပါ အရမ်းချစ်တယ် ကျေးဇူးရှင်လေးတွေ Good Night ဝမ်းမြောက်ကြောင်း Congratulations ပေးကြတဲ့ဘော်ဘော်ရောင်းရင်းတွေတယောက်မကျန်ကျေးကျေးပါ မနက်မှ reply ထပ်ပြန်တော့မယ် love u all..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဆိုတော် ရတနာမိုင်ကတော့ ပြီးခဲ့တဲ့နှစ်က ကျင်းပပြုလုပ်တဲ့ Shwe FM မှာလည်း ဆုတွေ ရရှိပိုင်ဆိုင်ခဲ့တာ တွေ့ရပါတယ်..။

Source - ရတနာမိုင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။