ဘက်ဆစ်တပ်အသင်းဟာ တိုက်စစ်မှုးတစ်ယောက်ကို ပြန်လည်ခေါ်ယူဖို့ရှာဖွေမှု တွေပြုလုပ်နေတာလည်းဖြစ်ပါတယ်။ဘက်ဆစ်တပ်အသင်းရဲ့ တိုက်စစ်မှုး တိုဆန်ဟာ အဲဗာတန်အသင်းကို ပြောင်းရွှေ့ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့် ဘက်ဆစ်တပ်အသင်းဟာ တိုက်စစ်နေရာကို ပြန်လည်ဖြည့်တင်းဖို့ ပရီးမီးယားလိဂ်အသင်းရဲ့တိုက်စစ်မှုးတစ်ယောက်ကို ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ဘတ်ဆစ်တပ်အသင်းပစ်မှတ်ထားနေတဲ့ တိုက်စစ်မှုးကတော့ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှုး ဝဲလ်ဘက်ပဲ ဖြစ်ပါတယ်။ဝဲလ်ဘက် ဟာ အာဆင်နယ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ကြိုးစာနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဆန်းချက်ကို ဆုံးရှုံးရဖို့ရှိနေတာဖြစ်ပြီး ယခုအခါမှာလည်း နောက်ထပ်တိုက်စစ်မှုး တစ်ယောက်ကို ဆုံးရှုံးရဖို့ရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာ အာစင်ဝင်းဂါးကလည်း ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှုး အော်ဘာမီယန် ကို ခေါ်ယူဖို့စောင့်ကြည့်နေတာလည်းဖြစ်ပါတယ်။

ဘတ်ဆစ်တပ်အသင်းဟာ ရာသီအစက ကစားသမားအများစုကို ခေါ်ယူအားဖြည့်ထားတာလည်းဖြစ်ပါတယ်။လက်ရှိမှာ ဘက်ဆစ်တပ်အသင်းဟာ အဆင့် ၄ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။တိုက်စစ်နေရာအတွက် ဝဲလ်ဘက်ကို ခေါ်ယူရန် အရှိန်မြင့်ကြိုးစားနေတာလည်းဖြစ်ပါတယ်။ခေါ်ယူသွားနိုင်မှာလားဆိုတာတော့ စောင့်ကြည့်သွားရမယ်ဗျာ။ 

source - mirror football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။