မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ ခိုင်နှင်းဝေကို ပရိသတ်များ သိကြမယ်ထင်ပါတယ်။ အနုပညာလောက မှဝေးကွာနေသူတစ်ဦးဖြစ်ပေမယ့် ပရိသတ်များကတော့ လက်ရှိထိချစ်နေကြသေးပါတယ်။ မနေ့က ချစ်စရာသားသမီးလေးတွေနဲ့ လျှောက်လည်ခဲ့ကြောင်း ရေးသားထားခဲ့ပါတယ်။ ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေကတော့ လက်ရှိပရဟိတ လုပ်ငန်းတွေလုပ်ဆောင်လျှက်ရှိပြီး ပရိသတ်ချစ်အနုပညာရှင်များကို လည်း ပါဝင်ကူညီရန် ဆွဲခေါ်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

မနေ့က ခိုင်နှင်းဝေ၏ လူမှုစာမျက်နှာပေါ်မှာ ပျော်ရွှင်စရာ ပုံရိပ်လေးတွေနဲ့ ကြည်နှုးစရာ မြင်ကွင်းတစ်ခုကို တင်ထားပါတယ်။ သရုပ်ဆောင်မင်းသမီး ခိုင်နှင်းဝေရဲ့ စာသားလေးကတော့ " ကျမ သားသမီးလေးတွေကို တိရိစ္ဆာန်လေးတွေ လိုက်ပြတော့ သူတို့က " မေမေ ဟိုမှာ ကျားကြီး.ခင်္သြေ့ကြီး,ဟိုမှာဘာကောင်ကြီးလဲ.." မေးလိုက်တာလဲစုံလို့ ဆော့လိုက်ကြပျော်လိုက်ကြတာ..သူတို့လေးတွေအပြင် ကျမရင်ခွင်ထဲမရောက်သေးတဲ့ တခြားမိဘမဲ့ကလေးတွေရောအားလုံးသော ကလေးတွေကို အဲလိုအမြဲပျော်ရွှင်စေချင်မိတယ်..အဲလိုပျော်အောင်လဲ အမြဲကြိုးစားမယ်နော် ကလေးတို့...ညီမလေး ထားထက်ထက် ကလဲ ကျမကလေးတွေကို မေးသမျှဖြေပေးရင် ပျော်ရွှင်မှုတွေပေးခဲ့လို့ ကျေးဇူးပါ ညီမလေးရေ.." ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။

သာယာကြည်နှုးဖွယ် အလုပ်လေးတွေကို လုပ်ဆောင်ပေးနေတဲ့ ပြည်သူချစ်အနုပညာရှင် များစွာရှိပါတယ်။ အဆိုပါအနုပညာရှင်များထဲ မှာ သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေလဲ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ ပရိသတ်များအတွက် ချစ်စရာမြင်ကွင်းနဲ့ ကြည်နှုးစရာလုပ်ရပ်လေးလုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေအကြောင်းလေးကို မျှဝေပေးလိုက်ပါတယ်။

Source - ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။