သရုပ်ဆောင်မေသန်းနုကို ကမာရွတ်မြို့နယ်နေ ဒေါ်စန်းစန်းမြင့်ဖြစ်သူမှ ငွေကျပ် သိန်းလေးရာ လိမ်လည်မှုဖြင့်အမှုဖွင့်ထားကြောင်းသိရပါတယ်။ မေသန်းနုနဲ့ အရင်စီးပွားအတူလုပ်ခဲ့တဲ့ ထိုအမျိုးသမီးဟာ ပထမအကြိမ်တရားစွဲရာမှာ ရှုံးနိမ့်ခဲ့ပြီး ဒီတစ်ခါထက်ပြီး တရားစွဲခဲ့တာပဲဖြစ်ပါတယ်။

အမှုမှာ သရုပ်ဆောင်မေသန်းနုဆီမှာ ဒေါ်စန်းစန်းမြင့်ဟာ ၂၀၁၄ခုနှစ်တုန်းက တိုက်ခန်းဝယ်ယူဖို့ စရံသွင်းခဲ့ပြီး ယခုအခါ ကန်ထရိုက်ပိုင်ရှင်ပြောင်းနေ၍ ပြန်လည်တောင်းခံရာ မေသန်းနုမှ ပေးအပ်ခြင်းမရှိသောကြောင့် အမှုဖွင့်ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ မေသန်းနုအား The Voice ဂျာနယ်မှ မေးမြန်းခဲ့ရာ မေသန်းနုမှ အဆိုပါကိစ္စအား ယခုလိုမေးမြန်းမှ သိရှိခဲ့ရသည်ဖြစ်ကြောင်း ရဲစခန်းမှ လာရောက်အကြောင်းကြားသည်လဲမရှိကြောင်း ပြောကြားခဲ့သည်။

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။