မာန်အောင်မြို့ ပြည်သူ့ဆေးရုံတွင် ထူးဆန်းအံ့သြဖွယ် ကလေးငယ်တစ်ဦးမွေးဖွား

ရခိုင်ပြည်နယ် မာန်အောင်မြို့ပြည်သူ့ဆေးရုံကြီးတွင် ကိုယ်ခန္ဓာတစ်ခုလုံးတွင် ဖယောင်းသဏ္ဍန်အဖြူထည် အရည်ပြားများဖုံးအုပ်ပါရှိပြီး ကိုယ်ခန္ဓာတစ်ကိုယ်လုံးတွင်လည်း ထူးဆန်းဖွယ်ရာ အသားအရည်များ ကွဲအက်ပါရှိသော အသက်ရှင်လျက်ကလေးငယ်တစ်ဦးမွေးဖွားခဲ့ကြောင်း မာန်အောင်ပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

အဆိုပါကလေးငယ်အား ဒီဇင်ဘာလ(၁)ရက်နေ့လည်(၁၂)နာရီအချိန်တွင် ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူအများစိတ်ဝင်စားမှုမြင့်တက်ကာ မာန်အောင်ဆေးရုံသို့ သွားရောက်ကြည့်ရှုသူများလည်း များပြားနေ ကြောင်း သိရသည်။

“ယောကျာင်္းလေးပါ။ OG ဆရာဝန်ရဲ့ ပြောပြချက်အရ ကိုယ်ဝန်ဆောင်စဉ် အစားအသောက်၊ကျန်းမာရေးကြောင့် ဖြစ်နိုင်သလို မျိုးရိုးလိုက်တယ်လို့လည်း ပြောရမလား မသိဘူး။ ကလေးငယ်က အခုထိအသက်ရှင်နေ တုန်းပါ။”ဟု မာန်အောင်ပြည်သူ့ ဆေးရုံကြီးမှ အကြီးတန်း သူနာပြု ဆရာမ တစ်ဦးက ပြောသည်။

အဆိုပါကလေးငယ်အား ပကတိလူသားအဖြစ်သို့ ပြောင်းလဲနိုင်ရန်နှင့် ရောဂါလက္ခဏာများအား ရှာဖွေပြီး ဆေး ၀ါးကုသရန် မာန်အောင်ပြည်သူ့ဆေးရုံကြီး၏ ညွန်ကြားချက်အရ မာန်အောင်လူမှုကွန်ယက်နှင့် လူမှုရေးအဖွဲ့ အစည်းများက ငွေကြေးကောက်ခံပြီး ရန်ကုန်သို့ ဆေးဝါးများကုသရန် စေလွှတ်နိုင်ရေး စီစဉ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

“ကလေးက တော်တော်ထူးဆန်းတယ်။ ကြည်ရှုသူတွေများလို့ မိဘတွေက ကလေးကိုဝှက်ထားကြတယ်။ ကလေးငယ်က အသက်ရှင်လျက် ကျွန်တော်တို့က မိဘတွေမတတ်နိုင်လို့ ရန်ကုန်ကို ဆေးဝါးကုသဖို့ ငွေကြေး အလှူခံကောက်ခံပြီး ပို့ဆောင်ဖို စီစဉ်နေပါတယ်။”ဟု မာန်အောင်လူမှုကွန်ယက်ဥက္ကဌ ဦးကျော်မိုးနိုင်က ပြောသည်။

အဆိုပါ ကလေးငယ်၏ မိဘများမှာ ရမ်းဗြဲမြို့နယ် ကြပ်ခိုးကျေးရွာမှ ဖခင်မောင်သိန်းရွှေနှင့် မိခင် မခင်ဝင်းကြည်တို့မွေးဖွားခဲ့သည် သားဦးဖြစ်ကြောင်း သိရသည်။

Credit - အာရကန်ကိုကို(မြစ်မခ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။