နံနက်ခင်းရဲ့ နေရောင်ခြည်ကိုနှစ်သက်တယ်ဆိုတဲ့ နန်းခင်တစ်ယောက်ကတော့ မနက်ခင်းရဲ့ လှပတဲ့နေခြည်အောက်မှာ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေကိုပြန်လည်မျှဝေလာပါတယ်။ စမ်းချောင်းလေးတစ်ခုရဲ့ဘေးမှာ ထူးထူးခြားခြားပြင်ဆင်ခြယ်သထားတာမရှိပဲ မျက်မှန်တစ်လက်နဲ့ သူမရဲ့ဖက်ရှင်ကပြီးပြည့်စုံလို့နေပါတယ်။

အနက်ရောင်ဘောင်းဘီနဲ့အတူ အချိုးအစားပေါ်လွင်တဲ့ အနက်ရောင်လက်ပြတ်ဝတ်ဆင် ထားတဲ့သူမက မြန်မာနိုင်ငံရဲ့Miss Myanmar 2012 Winner တစ်ယောက်ဆိုတာ ပြောစရာ မလိုလောက်အောင်ကို ပြည့်စုံတဲ့အလှတရားနဲ့ပါ။

ပညာရေးထူးချွန်တဲ့သူမက လူအများအားကျရတဲ့ အလုပ်တစ်ခုဖြစ်တဲ့ Tour Guide အလုပ်ကို ကျွမ်းကျင်စွာလုပ်ကိုင်နိုင်သူပါ။ သရုပ်ဆောင်အလုပ်နဲ့ ရှိုးပွဲတိုင်းရဲ့စင်မြင့် ထက်မှာ မြင်တွေ့နေရတဲ့သူမက အလှမယ်တွေစုပေါင်းဖွဲ့စည်းထားတဲ့ ပရဟိတ လုပ်ငန်းတွေနဲ့လည်း အလှမ်းမဝေးခဲ့ပါဘူး။

Sexy တွေအသားပေးတဲ့ခေတ်မှာ သူမတစ်ယောက်ကတော့ Sexy ကိုထားခဲ့ကာ Smart ဆိုတဲ့ဒီဇိုင်းတွေနဲ့သာ မြင်တွေ့လာရပါတယ်။ သရုပ်ဆောင်အလုပ်နဲ့ ရှိုးပွဲတိုင်းရဲ့စင်မြင့်ထက်မှာ မြင်တွေ့နေရတဲ့သူမကို အလှမယ်တွေစုပေါင်းဖွဲ့စည်းထားတဲ့ ပရဟိတလုပ်ငန်းတွေနဲ့လည်း အလှမ်းမဝေးခဲ့ပါဘူး။ ဒီလိုတွေပြည့်စုံလွန်းနေတဲ့ သူမကိုချစ်တဲ့ ပရိသတ်တွေ အတွက် သူမရဲ့ပုံရိပ်လေးအချို့ကိုပြန်လည်စုစည်းပေးလိုက်ရပါတယ်။

Source – Nann Khin Zay Yar FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။