ခပ်လန်းလန်းတေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ နမ့်စန်မှာ ကလေးငယ်လေးတွေကို ကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်..။

လှူဒါန်းမှုတွေကို မကြာခဏပြုလုပ်တတ်တဲ့ သူမကတော့ အခုတစ်ခါမှာလည်း ရှမ်းပြည်နယ် နမ့်စန်ကိုရောက်နေတုန်းမှာလည်း လှူဒါန်းမှုများပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

အဆိုတော် စန္ဒီမြင့်လွင်ကတော့ ရှမ်းပြည်နယ် နမ့်စန်ကို ဖျော်ဖြေရေးနဲ့ ရောက်ရှိနေတာ ဖြစ်တယ်လို့ သိရပါယ်..။

သူမကတော့ ညဘက်ဖျော်ဖြေရေးတွေ မလုပ်ခင် ကလေးတွေကို သူမကိုယ်တိုင်ခူးထားတဲ့ လိမ္မော်သီးလေးတွေ ပေးဝေပြီး လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီအကြောင်းကိုလည်း ဈန္ဒီမြင့်လွင်က သူမအသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေ မျှဝေထားတာ တွေ့ရပါတယ်..။

“နမ့်စန်မှာ ညဘက် ဖျော်ဖြေရေးမစခင် ကလေးတွေကို ကုသိုလ်နဲ့ဖျော်ဖြေ..” ဆိုပြီး ဓာတ်ပုံလေးတွေ တင်ပြီး မျှဝေလိုက်တာ ဖြစ်ပါတယ်..။

ဓာတ်ပုံတွေထဲမှာလည်း သူမတို့ရဲ့ ချစ်စရာကောင်းပြီး ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ မြင်တွေ့ရမှာ ဖြစ်ပါတယ်..။

တကယ်ကို စိတ်ကြည်နူး အေးချမ်းစရာပုံရိပ်လေးတွေပါပဲ ပရိသတ်ကြီးရေ..

အဆိုတော် စန္ဒီမြင့်လွင်ကတော့ မကြာခင်မှာပဲ သူမရဲ့ ချစ်သူနဲ့ အတူ လက်ထပ်ပွဲလေးကို ကျင်းပပြုလုပ်တော့မှာဖြစ်တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးမျှဝေထားပါသေးတယ်..။

Source - စန္ဒီမြင့်လွင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။