ဇန်နဝါရီ ၁၄ ရက်နေ့ နေလည်ပိုင်းအချိန် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ငါးနှစ်အရွယ် ကလေးငယ်တစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါ ဖြစ်စဉ်မှာ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုတ်မြို့ ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ငါးနှစ်အရွယ်ကလေးငယ်တစ်ဦး လမ်းဖြတ်ကူးရာမှ ယာဉ်တိုက်မှု ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။၎င်း ယာဉ်တိုက်ခံခဲ့ရတဲ့ ကလေးငယ် အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ နယ်မြေစခန်းမှူးက ပြောပါတယ်။

ရန်ကုန်ကနေ မန္တလေးသို့ မောင်းနှင်လာတဲ့ နိုင်ထွန်းလင်းအမည်ရှိ ယာဉ်မောင်းတစ်ဦး ရဲ့ PROBOX ယာဉ် ဟာ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၆/၃ အနီး ထော်နွတ်ကျေးရွာနားအရောက်တွင် လမ်းဖြတ်ကူးလာတဲ့ အသက် ငါးနှစ်အရွယ်မအိသန္တာအောင် တိုက်မိခဲ့တာ ဖြစ်ပါတယ်။မအိသန္တာအောင်ဟာ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေရာမှာတင်ပဲ သေဆုံးခဲ့တာပဲဖြစ်ပါတယ်။ 

ပိန်းဇလုတ်မြို့နယ်မြေစခန်းမှူး ရဲအုပ်ကျော်ကျော်လင်းက “ထော်နွတ်ကျေးရွာအနီးမှာ ဖြစ်တာပါ။ ကလေးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ တရားခံကိုလည်း ဖမ်းဆီးထားပါတယ်။ ဒီနေ့ရမန်ယူမှာပါ” လို့ ပြောပါတယ်။လက်ရှိမှာတော့ လူသေစေလောက်သည်အထိ ယာဉ်မဆင်မခြင် မောင်းနှင်သူ နိုင်လင်းထွန်းကို ရာဇသတ်ကြီးပုဒ်မ-၃၀၄(က) နဲ့ ပိန်းဇလုတ်နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ် - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။