နိုင်ငံကျော်မိတ်ကပ်ပညာရှင် ညီညီမောင်စမ်းချောင်း ခေါ် သုသု ကတော့ လူမှုကွန်ရက်မှာ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေလေ့ရှိတဲ့ ဆယ်လီတစ်ဦးပါ။

မိတ်ကပ်ပြင်ဆင်ဖန်တီးမှုအပိုင်းမှာ အနုပညာအသိုင်းဝိုင်းနဲ့ ပြင်ပမှာပါ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

အမြဲတမ်းပျော်ပျော်ရွင်ရွင်နဲ့ ပွင့်လင်းသွက်လက်စွာနေလေ့ရှိတဲ့ သုသု တစ်ယောက် သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ငွေထက် မေတ္တာတရားကို တန်ဖိုးထားတဲ့အကြောင်း အခုလိုပြောပြလာပါတယ်။

“လောက မှာ ငွေ က အရေးကြီးတယ် ဒုတိယ ဘုရားသခင်ဆိုပေမဲ့

မေတ္ာ တရား မရှိရင် ဘယ်လောက်ပဲချမ်းသာချမ်းသာ

စိတ်မချမ်းသာရပါဘူး

သုသု ကတော့ ခင်ရာဆွေမျိုး မြိန်ရာထမင်းဝိုင်း စကားပုံလေးအတိုင်းပါပဲ

သုသု က ငွေထက် မေတ္တာတရားပဲ လိုချင်ပါတယ်

ငွေကြောင့်လဲ မည်သူတဦးတယောက်မှ အသုံးမချဖူးပါဘူး

Love you all”” ဆိုပြီး ရေးသားထားတာပါ။

နာမည်ကြီး မိတ်ကပ်ဆရာတစ်ယောက်ဆိုပေမယ့် ဟိတ်ဟန်မရှိပဲ လူမှုကွန်ရက်မှာ ကြုံရင်ကြုံသလို အရွှန်းဖောက်တတ်တာကြောင့် သူ့ကို ကြည့်ပြီး စိတ်ချမ်းသာနေတဲ့ ပရိသတ်တွေလည်း ရှိနေပါတယ်။

သူကိုယ်တိုင် ဟာသပုံစံရိုက်ကူးထားတဲ့ ဗီဒီယိုလေးတွေကလည်း ကြည့်ရှုသူများနေပြီး ချစ်သူခင်သူတွေပိုများလာသလို သူ့ကို ဝေဖန်သူအချို့လည်း ရှိနေတာဖြစ်ပါတယ်။

သုသုဟာ ကြည်နူးဖွယ် အိမ်ထောင်ရေးပိုင်ဆိုင်ထားပြီး သူ့ရဲ့ ချစ်သူဟာလည်း ဒီဇိုင်နာတစ်ဦးဖြစ်ပါတယ်။ 

ငွေထက် မေတ္တာတရားကို ပိုတန်ဖိုးထားတယ်ဆိုတဲ့ သုသု ရဲ့ စိတ်သဘောထားကတော့ ချီးကျုးစရာပါပဲ။  

Source : NyiNyiMaung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။