နာမည်ကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်တစ်ယောက် ဆွစ်ဇာလန်နိုင်ငံ မှာ အပျော်ကြီး ပျော်နေပါတယ်။ လှပလွန်းတဲ့ ရေခဲပြင်ကြီးပေါ်မှာ သူမရဲ့ချစ်စရာကောင်း တဲ့ ပုံရိပ်လေးတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိတ်သတ်အားပေးမှုအပြည့်အဝရရှိ ထားတဲ့ မြန်မာပြည်ရဲ့ ထိပ်တန်း စားရင်းဝင် မင်းသမီးတစ်ဦးဖြစ်ပြီး အကယ်ဒမီရွှေစင်ရုပ်ထု ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ မြန်မာပြည်ရဲ့ Instagram user တွေထဲမှာ Follower အများဆုံးလည်းဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ပရိတ်သတ်တွေကို အမြဲတမ်းဖမ်းစားနိုင်ခဲ့တဲ့သူမဟာ ယနေ့ထက်တိုင်လည်း အောင်မြင်မှုကို မပျောက်မပျက် ထိမ်းသိမ်းထားနိုင်ဆဲပါပဲ။

သူမရိုက်ကူးထားတဲ့ “ အနမ်းဝိုင် ” ဆိုတဲ့ဇာတ်ကားဟာလည်း လာမယ့်ဖေဖော်ဝါရီ (၁၄) ရက်နေ့ ချစ်သူများနေ့မှာ ထွက်ရှိမှာပဲဖြစ်ပါတယ်။ မင်းသားအောင်ရဲလင်းနဲ့အတူ ရိုက်ကူး ထားတဲ့ ဒီဇာတ်ကားလေးဟာ Drama ဇာတ်ကားသီးသန့်ဖြစ်ပြီး ပရိတ်သတ်ရင်ထဲကို တကယ့်ကိုရောက်ရှိမယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ နှစ်ယောက်သား သရုပ် ဆောင်ပိုင်းမှာ အချိတ်အဆက်မိမိနဲ့ လုံးဝအမိုက်စားသရုပ်ဆောင်သွားတာမို့ ကြည့်ရှု မယ့်ပရိတ်သတ်တွေကလည်း အားပေးဖို့အဆင်သင့် ဖြစ်နေပါပြီ။

သူမဆွစ်ဇာလန်နိုင်ငံရဲ့ နှင်းတောထဲမှာပျော်နေတဲ့ပုံရိပ်လေးကို မသိဘူးချမ်းတယ် ဒါပေမ ယ့် ပျော်တယ် ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ လုံးဝကိုရိုးရှင်းတဲ့ပုံစံလေးနဲ့ ကလေးငယ် တစ်ယောက်လို ပျော်ရွှင်တဲ့ပုံစံလေးက တကယ့်ကိုအပြစ်ကင်းစင်လွန်းပါတယ် ပရိတ်သတ် ကြီးရေ။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေး လိုက်ပါတယ်။

Photo – Wutt Hmone Shwe Yi’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။