ဇာတ်ပို့သရုပ်ဆောင်လောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့ အနုပညာရှင်တွေထဲမှာ ရဲလေးမကလည်း တစ်ဦးအပါအဝင်ပါပဲ..။

ယနေ့ ဇန်နဝါရီ (၁၆)ရက်နေ့လေးကတော့ ဇာတ်ပို့သရုပ်ဆောင် ရဲလေးမရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ရဲလေးမကလည်း သူ့ရဲ့ မွေးနေ့လေးမှာ မနက်စောစောထကာ ဘုရားမှာ ကုသိုလ်ရေးပြုလုပ်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

မွေးနေ့လေးမှာ ဘုရားသွားကုသိုလ်ယူပြီး ကောင်းမှုကုသိုလ်လေးတွေနဲ့ ဖြတ်သန်းခဲ့တဲ့အကြောင်းကို ရဲလေးမ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို အသိပေးပြောပြထားတာ တွေ့ရပါတယ်..။

“ဒီနေ့ဟာ ရဲလေးမရဲ့ မွေးနေ့လေးပါ ခုနှစ်ရက်သားသမီးနှင့်တစ်ကွ သင်ဆရာမြင်ဆရာများအားလုံး ရဲလေးမဆိုတဲ့ နာမည်တစ်လုံးနဲ့ ပြည်သူချစ်တဲ့အနုပညာရှင်ဖြစ်ဖို့ လူ့လောကကို ခေါ်ဆောင်လာပါသော မွေးကျေးဇူးရှင်ဘဝတစ်ပါးက အမေနဲ့ ကျွေးကျေးဇူးရှင်ဖေဖေ ရဲလေးမဆိုတဲ့ အနုပညာရှင်ကို ချစ်သောမချစ်သော မုန်းသောမမုန်းသော ဘယ်လိုမှမနေသော ကျေးဇူးရှင်ပရိတ်သက်ကြီးအားလုံးနဲ့ မွေးနေ့ဆုတောင်းပေးကြသော fb က သူငယ်ချင်းပရိတ်သက်အားလုံး ငယ်သူငယ်ချင်းများ အားလုံး အနုပညာနယ်ပယ်မှ အကို အမ ညီလေး ညီမလေးအားလုံးကို ရဲလေးမ ယနေ့ မွေးနေ့ဘုရားမှာ ဆုတောင်းပေးပါတယ် ကျန်းမာကြပါစေ ချမ်းသာကြပါစေ အစစအရာ လိုတိုင်းတတိုင်းပြည့်စုံတဲ့ဆု ဖြစ်ပါစေလို့ ဆုတောင်းရင်း ဘုရားမှာအားလုံးအတွက် ဆုတောင်းမေတ္တာပို့ ပါတယ်လို့..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

ရဲလေးမကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ မင်းသားတွေရဲ့ သူငယ်ချင်းနေရာတွေနဲ့ မိန်းမလျာဇာတ်ရုပ်တွေ ပီပြင်စွာ သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာလည်း ဖြစ်ပါတယ်..။

ဇာတ်ကားတိုင်းလိုလိုမှာ မိန်းမလျာဇာတ်ရုပ်တွေကို သရုပ်ဆောင်လာရင်း ကိုယ်တိုင်လည်း အဲ့ဒီဘဝထဲမှာ ပျော်လာတဲ့အကြောင်းလေးတွေကိုလည်း အင်တာဗျူးတွေမှာ ဖြေဆိုဖူးတာ တွေ့ရပါတယ်..။

ရိုက်ကွင်းတွေမှာ ဖြတ်လျှောက်ဘဝကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတဲ့ ရဲလေးမကတော့ လတ်တလောမှာလည်း ဇာတ်ကားဆက်တိုက်ရိုက်ကူး သရုပ်ဆောင်နေတာ တွေ့ရပါတယ်..။

Source - ရဲလေးမ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။