နာမည်ကျော်မိတ်ကပ်ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ မိတ်ကပ်မထက်တစ်ယောက် City FM ဆယ့် ခြောက်နှစ် ပြည့်ပွဲကို တက်ရောက်လာတဲ့ သူမရဲ့ဖက်ရှင်ကို ပရိတ်သတ်တွေက အရမ်းကို သဘောကျနေကြပါ တယ်။ အပြာရောင်ဝတ်စုံလေးကို လုံးဝလိုက်ဖက်အောင်ဝတ်ဆင်ထားပြီး တကယ်ကိုကြည့်ကောင်း လွန်းနေပါတယ်။ ချစ်စရာကောင်းတယ်ဆိုတာထက်ပိုပြီး လှတဲ့ အနေအထားတစ်ခုမှာ ရပ်တည်နေတဲ့ သူမရဲ့အလှတရားဟာ တကယ့်ကိုအကြွေစင်ပါပဲ။ သွယ်လှလွန်းတဲ့ခန္တာနဲ့ ခပ်မြင့်မြင့်အရပ်ကြောင့် အများတကာအလယ်မှာ ထင်းခနဲပေါ် လွင်ပြီး လှလွန်းသူလေးတစ်ဦးပါပဲ။

သူမဟာလိင်ပြောင်းခွဲစိတ်မှုပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပိုပိုလှလာပါတော့တယ်။ မိတ်ကပ် ပြင်ဆင်ချယ်သမှု မှာလည်း Professional အဆင့်ဖြစ်တာကြောင့် သူမစီမှာသင်တန်းလာ ရောက်တက်သူတွေ အများ အပြားပါပဲ။ လက်ရှိမှာကျင်းပနေတဲ့ Make Me Beautiful အစီအစဉ်မှာလည်း အကဲဖြတ်ဒိုင်လူကြီး အဖြစ် ပါဝင်နေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က မိတ်ကပ်ပြင်ဆင်မှုတစ်ခုဟာ အတော်လေး လွဲချော်နေခဲ့တာကို ရယ်မောပြီးဝေဖန်မိတာ ကြောင့် သူမကိုဝေဖန်သူတစ်ချို့က ဝေဖန်ခဲ့ပါသေးတယ်။ အများကိုလည်းလှပအောင်ပြုပြင် ပေးပြီး ကိုယ်တိုင်လည်းလှလှပပနေတတ်သူလေးမထက်ရဲ့ ပွဲတက်ဖက်ရှင်လေးက လုံးဝ ကိုအကြွေစင်လေးပါ။

ပရိတ်သတ်တွေကလည်း သူမရဲ့လှပမှုကိုအသိအမှတ်ပြုချီးမွမ်းခဲ့ကြပါတယ်။ လုံးဝကို စင်းလုံးချော လှပနေတဲ့ မထက်ရဲ့ပုံရိပ်တွေက ပုရိသတို့ကြွေဆင်းမယ်ဆိုလည်း ကြွေလော က်ပါတယ်။ လိင်ပြောင်းခွဲစိတ်မှုခံယူပြီးနောက်မှာ တကယ့်မိန်းကလေးတစ်ယောက်လိုပဲ သူမရဲ့ပြောဆိုပုံ နူးညံ့ပုံတွေက စွဲဆောင်မှုပိုလွန်းလာပါတယ်ပရိတ်သတ်ကြီးရေ။ City FM ပွဲကိုတက်ရောက်လာတဲ့ သူမရဲ့အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo – Ma Htet’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။