ဘင်္ဂါလီများ ပြန်လည်လက် ခံရန် သတ်မှတ်ကာလနီးကပ်နေ သော်လည်း စိစစ်ရမည့် ဘင်္ဂါလီ စာရင်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဇန်နဝါရီ ၁၄ ရက်အထိ အတည်မပြုပေးသေးဟု သိရပါတယ်။ မည်သို့ပင်ဖြစ်စေ အထောက်အ ထား ခိုင်လုံသူများကို စိစစ်လက် ခံရန် သတ်မှတ်ထားသည့် ဇန်န ဝါရီ ၂၃ ရက်အမီ မြန်မာဘက်က အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြော ကြားသည်။ ‘‘ဇန်နဝါရီ ၂၃ ရက်မှာ အ ဆင်သင့်ဖြစ်ဖို့ လုပ်ခဲ့တာ။ သေ ချာသွားပြီ။ အဲဒါကိုတော့ အား လုံးသိစေချင်တယ်။ ဟိုဘက်နိုင်ငံ (ဘင်္ဂလားဒေ့ရှ်)ကလည်း သိစေ ချင်တယ်။ ကမ္ဘာကလည်း သိစေ ချင်တယ်’’ဟု ပြည်ထောင်စုဝန် ကြီးက ပြောပြခဲ့ပါတယ်။ 

ဘင်္ဂါလီအရေးနှင့်ပတ်သက် ၍ ပြည်ပနိုင်ငံကြီးအချို့၏ ဖိအား ပေးခံနေရသော မြန်မာအစိုးရ သည် အထောက်အထားခိုင်လုံ သော ဘင်္ဂါလီများ ပြန်လည်လက် ခံရေး အာရုံစိုက်ဆောင်ရွက်နေပါပြီ။ ပြန်လည် လက်ခံရေးစခန်းများ အချိန်မီ အသင့်ဖြစ်၊ မဖြစ် အခြေ အနေကို လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးကိုယ်တိုင် မောင်တော ဒေသသို့ ဇန်နဝါရီ ၁၄ ရက်တွင် သွာေးရာက် စစ်ဆေးခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ မောင်တောဒေသသို့ သွားရောက်ကြီးကြပ်နေစဉ် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ကိုယ်စားလှယ်အဖွဲ့သည် ဘင်္ဂါလီများ စိစစ်လက်ခံမည့်အရေး နေပြည်တော်တွင် ဆွေးနွေးခဲ့ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံသို့ ဘင်္ဂါလီများ ပြန်လည်ပို့ဆောင်မည့် ပထမအသုတ်တွင် ဘင်္ဂါလီတစ်သိန်း အမည်စာရင်းပေးပို့ရန် စီစဉ်နေကြောင်း ၂၀၁၇ ဒီဇင်ဘာအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာနအချို့တွင် ဖော်ပြခဲ့သော်လည်း မြန်မာဘက်က ယင်းသတင်းကို အတည်ပြုမထားသေးကြောင်း သိရပါတယ်။ မြန်မာအစိုးရသည် ရခိုင် ပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး တောင် ပြိုလက်ဝဲ၊ ငါးခူရနှင့် လှဖိုးခေါင် ကျေးရွာတွင် စခန်းသုံးခု တည် ဆောက်ထားပြီး လုပ်ငန်းစဉ်အ တွက် တာဝန်ရှိသူအဆင့်ဆင့်က အလေးထား ဆောင်ရွက်နေကြောင်း ဇန်နဝါရီ ၁၁ ရက် ညတွင် သတင်းထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Source - 7 day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။