အမေရိကန်မင်းသား တွမ်ခရုစ် တစ်ယောက် ပတ်ဝန်းကျင်ကဖြတ်သွားတဲ့ လူအုပ်ကြီးကို ရုပ်ရုပ်သဲသဲ ဖြစ်အောင် ညှို့့ယူဖမ်းစားလိုက်သလိုပါပဲ။ 

ပရိသတ်တွေစိတ်ဝင်စားနေတဲ့ ပုံရိပ်တွေကတော့ Mission Impossible ဇာတ်ကားသစ်ရိုက်ကူးနေတဲ့ ဟောလိ၀ုဒ်ရဲ့ နာမည်ကြီးမင်းသား တွမ်ခရုစ် ရဲ့ ရိုက်ကွင်းပုံရိပ်တွေဖြစ်ပါတယ်။

တွမ်ခရုဟာ အန္တရာယ်များတဲ့ စတန့်ပြကွက်တွေကို ကိုယ်တိုင်ကြိုးကြိုးစားစား နဲ့ အထပ်အမြင့်ဆုံး လသာဆောင်မှာ ရိုက်ကူးနေတာဖြစ်ပါတယ်။

အက်ရှင်ဇာတ်ကားတွေနဲ့ ပိုပြီးလူကြိုက်များတဲ့ တွမ်ခရုစ်ကတော့ ဇာတ်လမ်းဇာတ်ကွက်ကို ပီပြင်အောင် သဏ္ဍန်လုပ်သရုပ်တူဖို့အတွက် အထပ်မြင့်တိုက်ကြီးပေါ်မှာ ပြေးလွှားနေရတာပါ။

ဂျက် လေယာဉ်ပျံလေးတစ်စင်းလို ပေါ့ပါးသွက်လက်နေတဲ့ တွမ်ခရုစ် ဟာ အက်ရှင်ဇာတ်ဝင်ခန်းတွေရိုက်နေတုန်းမှာ သူ့ကို စိတ်ဝင်တစားကြည့်နေတဲ့ လူအုပ်ကြီးကိုတောင် ပြန်ပြီး ပြုံးပြနှုတ်ဆက်လိုက်ပါသေးတယ်။ လန်ဒန်မြို့ပရိသတ်တွေ အားပေးကြမ်းချက်ကတော့ လမ်းမပေါ်မှာ ကားတွေပိတ်တဲ့အထိ စည်စည်ကားကားဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်တွေကို ဖော်ဖော်ရွေရွေ ပဲ နှုတ်ဆက်တဲ့ တွမ်ခရုစ် ရဲ့ ဟန်ပန်အမူအရာတွေကတော့ ပကာသနမပါပဲ မြင်ရသူဖို့ တစ်မျိုးလေးကြည့်ကောင်းနေပါတယ် ။

လက်ရှိရိုက်ကူးနေတဲ့ Mission Impossible 6 ကို လာမယ့် ဇူလိုင်လမှာ ရုံတင်ပြသမှာဖြစ်တယ်လို့ သိရပါတယ်။

တွမ်ခရုစ် ဟာ ဟောလိ၀ုဒ်ရဲ့ ၀င်ငွေအကောင်းဆုံးမင်းသားစာရင်းဝင်သလို ယောကျာ်းပီသပြီး ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ သွင်ပြင်ကြောင့် နာမည်ကြီးနေတာဖြစ်ပါတယ်။ 

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။