နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မအေးသောင်းတစ်ယောက် သူမရဲ့ Facebook မှာ မြန်မာ ဆန်တဲ့သူမရဲ့ပုံရိပ်လေးတွေကို အမြဲလိုလိုတင်တတ်ပြီး မှတ်သားဖွယ် ဒဿနလေး တွေကိုလည်း ပေးတတ်ပါသေးတယ်။ အသက်သုံးဆယ်ကျော်အရွယ်မှ အနုပညာလောက ထဲ ပြန်လည်ဝင်ရောက် ခဲ့ပြီး တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတစ်ခုနဲ့ ပရိတ်သတ်တွေရဲ့ စိတ်နှလုံးကို အပြည့်အဝဖမ်းစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ကျက်သရေရှိလှတဲ့ အလှ တရားတစ်ခုကိုပိုင်ဆိုင်ထားသူမို့ သူမရဲ့ အနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တဲ့ခရီးမှာ ပရိတ်သတ်တွေကလည်း အပြည့်အဝအားပေး ကြိုဆိုခဲ့ကြပါတယ်။

သူမရဲ့အမဖြစ်သူ နှင်းဝတ်ရည်သောင်းတစ်ယောက်ကတော့ အင်္ဂလန်နိုင်ငံမှာ ရုံးဝန်ထမ်း အဖြစ် အခြေချလုပ်ကိုင်ရင်း ဘဝကိုအေးအေးလူလူအဆင်ပြေပြေနဲ့ ဖြတ်သန်းနေပြီပဲဖြစ်ပါ တယ်။ ချစ်စရာကောင်းလွန်းတဲ့ ညီမနှစ်ယောက်က အနုပညာလောကထဲကို ဝင်ရောက်ခဲ့ပြီး ခေတ္တပြန်လည်ပျောက်ကွယ်သွားပြီးနောက် ညီမဖြစ်သူအေးဝတ်ရည်သောင်းတစ်ယောက် မအေးသောင်းအဖြစ်နဲ့ ပရိတ်သတ်တွေစီကို တည်ငြိမ်ရင့်ကျက်တဲ့အလှတရားတစ်ခုနဲ့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

သူမရဲ့ချစ်သူကိုရည်စူးပြီး အချစ်စာလွှာလေးတွေ မကြာခဏရေးတတ်တဲ့ မအေးသောင်း ကတော့ ယနေ့မှာလည်း ကဗျာဆန်ဆန်စာလေးကို ရေးလိုက်ပြန်ပါပြီ။ သူမရဲ့ Facebook မှာ မြန်မာဆန်တဲ့ ပုံရိပ်လေးတွေနဲ့အတူ “ နီးလွန်းရင် မမြင်ရတတ်ဘူးတဲ့ နဲနဲခွာကြည့်တာ ပေါ့လေ ” ဆိုပြီးတင်ထားတာဖြစ်ပါ တယ်။ ဘယ်အချိန်ကြည့်ကြည့် ပြီးပြည့်စုံတဲ့အလှတရားနဲ့ ပရိတ်သတ်တွေကိုဆွဲဆောင်နိုင်သူလေး မအေးသောင်းရဲ့ စိတ်ကြည်နူးဖွယ်ပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Aye Thaung’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။