ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခင်လေးနွယ်ကတော့ လီဆူရိုးရာဝတ်စုံလေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါတယ်..။

ချစ်စရာကောင်းတဲ့ လီဆူတိုင်းရင်းသူလေး ဖြစ်တဲ့ သူမကတော့ လီဆူရိုးရာဝတ်စုံလေးနဲ့ လိုက်ဖက်လွန်းလှတာကိုလည်း တွေ့မြင်ရပါတယ်..။

သရုပ်ဆောင် ခင်လေးနွယ်ဟာ ကချင်ပြည်နယ် ပူတာအိုမှာ ကျင်းပပြုလုပ်တဲ့ လီဆူရိုးရာနှစ်သစ်ကူးပွဲတော် ပူတာအိုလီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီရဲ့ နှစ်(၆၀)ပြည့် အခမ်းအနားပွဲလေးကို လီဆူရိုးရာဝတ်စုံလေး ဝတ်ဆင်ပြီး တတ်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

လီဆူရိုးရာနှစ်သစ်ပွဲတော်ကို ရိုးရာဝတ်စုံလေးဝတ်ပြီး တတ်ရောက်ခဲ့တဲ့အကြောင်းကိုလည်း ခင်လေးနွယ်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“အေးချမ်းလှတဲ့မနက်ခင်းလေး လီဆူရိုးရာနှစ်သစ်ကူးပွဲတော်မှာ မိုးကုတ်လီဆူဝတ်စုံလေးနဲ့

Ma Pont ချုပ်ပေးထားတဲ့အိတ်လေးနဲ့..” ဆိုပြီး ဓာတ်ပုံလေးတွေ တင်ပြီး ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

တကယ်ကို ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းလှပါတယ် ပရိသတ်ကြီးရေ..

သရုပ်ဆောင် မင်းသမီးချောလေး ခင်လေးနွယ်ကတော့ အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ဆက်လက်ပိုင်ဆိုင်ထားတာကိုလည်း တွေ့ရပါတယ်..။

ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်ကနေ ပရိသတ်တွေကို အမြဲမျှဝေလေ့ရှိတတ်တာလည်း တွေ့ရပါတယ်..။

လတ်တလောမှာတော့ အနုပညာအလုပ်တွေကို ရပ်နားထားပြီး စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

Source - ခင်လေးနွယ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။