လက်စတာအသင်းရဲ့ နည်းပြ ကလောဒီ ပေါလ် ဟာ အသင်းရဲ့ ကစားသမား မာရက်ဇ် ဟာ ပေါင် သန်း ၁၀၀ ထိ ထိုက်တန်တယ်လို့ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းဟာ မာရက်ဇ် ကို ဆောင်းရာသီအပြောင်းအရွှေ့မှာ လက်လွှတ်အဆုံးရှုံးခံဖို့ ဆန္ဒမရှိတာလည်းဖြစ်ပါတယ်။ရာသီကုန်မှသာ ရောင်းချသွားဖို့ရှိနေတာဖြစ်ပြီး မာရက်ဇ် ဟာ ပေါင်သန်း ၁၀၀ ထိတန်ကြေးရှိတယ်လို့ ကလောဒီပေါလ်က ပြောခဲ့တာလည်းဖြစ်ပါတယ်။ 

မာရက်ဇ်ကို ခေါ်ယူဖို့ ကလပ်အသင်းအများစုက စိတ်ဝင်စားနေတာလည်းဖြစ်ပါတယ်။ရာသီအစတုန်းက မာရက်ဇ်ကို ရိုးမားအသင်းက ပေါင် ၃၂ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ လက်စတာအသင်းက ပယ်ချခဲ့တာလည်းဖြစ်ပါတယ်။လက်စတာအသင်းရဲ့ နည်းပြ ကတော့ မာရက်ဇ်ကို လက်လွှတ်ဖို့ ဆန္ဒမရှိနေတာလည်းဖြစ်ပါတယ်။မာရက်ဖ် ကတော့ ရာသီအစက အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ယခုချိန်မှာတော့ လက်စတာအသင်းမှာပဲ ဆက်ရှိနေတာဖြစ်ပါတယ်။

မာရက်ဇ်ကို ခေါ်ယူဖို့ လီဗာပူလ်းအသင်းက ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ လီဗာပူလ်းအသင်းက ငြင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ပျောက်ကွယ်ခဲ့ရတာလည်းဖြစ်ပါတယ်။အာဆင်နယ်၊ ရိုးမား၊ အင်တာမီလန် အစရှိတဲ့ ကလပ်သင်းအများစု ကခေါ်ယူရန် စောင့်ကြည့်နေပေမဲ့ မာရက်ဇ်အတွက် အသုံးပြုရမဲ့ ပြောင်းရွှေ့ကြေးဟာ များပြားနေတာကြောင့် ခုချိန်ထိ ကမ်းလှမ်းမှု မလုပ်ရသေးတာလည်းဖြစ်ပါတယ်။

source - daily mail sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။