နာမည်ကျော်တစ်ဦးဖြစ်တဲ့ ဖြူဖြူထွေးတစ်ယောက် သူမရဲ့ဟာသပုံရိပ်လေးတွေကို Facebook မှာ တင်လိုက်ပါတယ်။ ပရိတ်သတ် အားပေးတဲ့ ဟာသသရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူမရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ဖြူစင်တဲ့အပြုအမူလေးတွေကြောင့် ပရိတ်သတ်တွေရဲ့ အပြည့်အဝ အားပေးမှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်ရဲ့ ဆရာကန်တော့ပွဲမှာ ကကွက်ဆန်းတွေ စတင်ကပြရာမှလူသိများလာပြီး နာမည်ကျော်လာသူလေးပဲ ဖြစ်ပါတယ်။ သူမဖန်တီးတဲ့ ဟာသဗီဒီယိုတွေဟာ ပရိတ်သတ်တွေကြား ရေပန်းစား နှစ်ခြိုက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကားလက်မှတ်ကြော်ငြာတစ်ခုရိုက်ကူးပေးခဲ့ရာတွင် ဓာတ်ပုံကိုအိုက်တင် အဆန်းလေးတွေ ပေးခဲ့တာကြောင့် သူမကိုပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရတဲ့အကြောင်းကို အင်တာဗျူးတစ်ခုမှာ ဝမ်းနည်းပြီးငိုကြွေး ကာ ပြောပြခဲ့ပါတယ်။

မိမိရသမျှ အနုပညာငွေကြေးအကုန်ကို မိဘတွေကိုပြန်လည်ထောက်ပံ့ခဲ့တယ်လို့လည်း သူမကဆိုပါတယ်။ ရုပ်ကလေးကလည်း ချစ်စရာကောင်းသလို မိဘကိုလည်း လုပ်ကျွေးပြုစု နေတဲ့ သမီးအလိမ္မာလေးမို့ ပရိတ်သတ်တွေက ပိုလို့အချစ်တိုးခဲ့ကြပါတယ်။ သူမစိတ် မကောင်းဖြစ်ပြီး ငိုကြွေးနေတဲ့ပုံရိပ်လေးကို ဆရာတောင်ဝီရသူက လောကဓံကို ခံနိုင်ရည် မရှိ ဘူးလို့ သြဝါဒချွေတဲ့အပေါ် သူမကပြန်လည်ပြီး ခံနိုင်ရည်ရှိအောင်ကြိုးစားပါ့မယ်လို့ လျှောက်တင်ခဲ့ပါတယ်။ လတ်တလောမှာတော့ သူမက Photo Shooting တွေရိုက်ကူး နေတာဖြစ်ပြီး အမိုက်စား Post တွေကြောင့် ပရိတ်သတ်တွေက သဘောကျနေကြပါတယ်။

ဒီနေ့မှာလည်း သူမရဲ့နှုတ်ခမ်းမွှေးနဲ့ပုံရိပ်တွေကို ဟာသဆန်ဆန်ရိုက်ကူးထားပြီး " အိသဲ လေးတွေပေးပါ " ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ နှုတ်ခမ်းမွှေးကို Eye Liner နဲ့ခပ်ထူထူ ဆွဲထားတဲ့ သူမရဲ့ပုံစံလေးက ရယ်ချင်စဖွယ်လေးပါ ပရိတ်သတ်ကြီးရေ။ ရုပ်ရှင်ဇာတ်ကား တစ်ကားရိုက်ကူးနေပုံပါပဲ။ ချစ်စရာကောင်းတဲ့ တောသူမလေး ဖြူဖြူထွေးရဲ့ ရိုက်ကွင်းပေါ်က နှုတ်ခမ်းမွှေးပုံရိပ်တွေကို အခုပဲ တင်ဆက်ပေးလိုက်ပြီနော်။

Photo – Phyu Phyu Htwe’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။