ဇန်နဝါရီလ (၁၆) ရက်နေ့မှာ ချီလီနိုင်ငံသို့လာရောက်လည်ပတ်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြမှုတွေပြုလုပ်နေကြပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မကြာသေးမှီကလည်း မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။
ချီလီနိုင်ငံ မြို့တော် ဆန်တီယာဂိုမှာ ပုပ်ရဟန်းမင်းကြီးလာရောက်လည်ပတ်မယ့် ခရီးစဉ်ကိုဇန်နဝါရီ(၁၅) ရက်နေ့က ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။ နိုင်ငံအတွင်း ဘုရားကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ အလွှဲသုံးစားမှုတွေကို ဒေါသထွက်နေတဲ့ လူတစ်ချို့က ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်ကို ဆန္ဒပြဖို့ လမ်းပေါ် လှုံ့ဆော်နေကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက လမ်းဘေးရောက်သွားအောင် ဂရုတစိုက် ဆောက်ရွက်ခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ ချီလီနိုင်ငံ ခရီးစဉ်ပြီးရင် ပီရူးနိုင်ငံကို ဆက်သွားဖို့ ရှိနေပါတယ်။
ကက်သလစ် ခရစ်ယာန်ဘာသာဝင်နိုင်ငံတွေဖြစ်တဲ့ ချီလီနဲ့ ပီရူးမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုတွေကြောင့် ဘုရားကျောင်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်နေတာပါ။ ဒါကို သိက္ခာပြန်ဆယ်နိုင်ဖို့ ပုပ်ရဟန်းမင်းကြီးက မျှော်လင့်နေတယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ပုပ်ရဟန်းမင်းကြီးရဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ ခရီးစဉ်အတွက် ဆန်တီယာဂိုမြို့မှာ လူငါးသိန်းကျော် စုဝေးနိုင်တယ်လို့ အစိုးရအာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။
source-Dvb Tv
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။