မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီး ကန်ပတ်လမ်းမှာရှိတဲ့ အလုံပိတ်အခန်းတွေကို နယ်မြေခံ ရဲတပ်ဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ လူငယ်စုံတွဲတွေကို လက်ခံဆောင်ရွက်နေတဲ့ အလုံပိတ်အခန်း ဆိုင်တွေရဲ့ ပိုင်ရှင်နဲ့ တာဝန်ခံတွေကို ဖမ်းဆီး ထောင်ချလိုက်တယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဆိုပါ ဆိုင်ခန်းတွေနဲ့ ပိုင်ရှင်တွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့နဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေး ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။ 

အဆိုပါ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ အလုံပိတ်ဆိုင် ၉ ဆိုင်နဲ့ ပိုင်ရှင်၊ တာဝန်ခံ စုစုပေါင်း (၉)ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံရဲတွေကပြောပါတယ်။ စည်ပင်သာယာရဲတပ်ဖွ့ဲ (မန္တလေး) က တပ်ဖွဲ့မှူး ရဲမှူး ငြိမ်းချမ်းအောင်က “အဓိက ကတော့ ကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ စည်ပင်နယ်နမိတ်ထဲမှာ ကော်မတီက ခွင့်မပြုတဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်တာပေါ့။ မနေ့ကပဲ ထောင်ဒဏ် ၆ လစီချလိုက်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်လိုက်တဲ့ သူများအနက် အမျိုးသမီးတစ်ယောက် အပါအဝင် ပိုင်ရှင်နဲ့ တာဝန်ခံ ၉ ယောက်ကို စည်ပင်သာယာ အထူးတရားရုံးက ထောင်ဒဏ် ၆ လစီ ပြစ်ဒဏ်ချလိုက်တာ ဖြစ်ပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ဒီ ဇင်ဘာလတုန်းကလည်း ဖမ်းဆီးဒဏ်ငွေရိုက်ခဲ့တဲ့ လုပ်ငန်းလေးခုလည်း ပါဝင်တယ်လို့ ရဲမှူး ငြိမ်းချမ်းအောင်က ပြောပါတယ်။ 

သတင်းအရင်းအမြစ် - ပိုင်စိုး (DVB)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။