လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ တက္ကစီသမားဦးလေးကြီးရဲ့ Snareသီချင်းသီဆိုပုံတွေဟာ ပြန့်နှံ့ခဲ့ပါတယ်။ ဒီဗီဒီယိုဟာ ပရိသတ်တွေအကြားလူကြိုက်များခဲ့ပြီး တော်တော်များများလည်း သဘောကျခဲ့ရပါတယ်။ ယခုလို Snare သီချင်းတွေကို သီဆိုတဲ့ အဘကို တွေ့ရတော့ ဆုံးသွားတဲ့ အဖေကို သတိရမိတယ်လို့ သိရပါတယ်။ 

အဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့က သရက်ကနေပြီးတော့ ပြန်လာတာ။ အဲ့အချိန်မှာ အားတီက အဲ့အဘကြီးရဲ့ ကားကိုဌားစီးတယ်။ သူ Live လွှင့်နေတဲ့အချိန် ကျွန်တော့်ကို Invite လှမ်းပြီးတော့ လုပ်တယ်။ ဟိုအဘကြီးရဲ့ ကားပေါ်မှာပေါ့ ၊ နားထောင်ဆိုပြီးတော့ ကျွန်တော့်ကိုပြောတယ်။ လမ်းတောက်လျောက် ကျွန်တော်လည်း အဲ့အဘကြီးဆိုတာကို နားထောင်လာတယ်။ ပျော်ဖို့အရမ်းကောင်းပါတယ် ။ ပိုပြီးတော့ ပျော်ဖို့ကောင်းတာက အားတီလည်းရှိတယ် ၊ ကျွန်တော်ရော ၊ အဘကြီးရော Live ကနေ နားထောင်နေရတာပေါ့ ။ အဘကို အားတီကလည်း ပြောတယ်ပေါ့ ။ အဘဆိုနေတဲ့သီချင်း အဆိုတော်တွေ နားထောင်နေတာဆိုပြီးတော့ ပြောတော့ ၊ ပျော်ဖို့လည်းကောင်းပါတယ်။ အဘကိုကျေးဇူးအများကြီးတင်ပါတယ်။  

လူငယ်တွေတင်မဟုတ်ပဲနဲ့ အဘကြိုက်မှန်း သိလိုက်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ကျေနပ်ပါတယ်။ တစ်ကယ်လို့ အားရင်လည်း အဘ တက္ကစီကို တစ်ရက်လိုက် စီးပါဦးမယ်။ အကျီတွေဘာတွေ လက်ဆောင်ပေးဖို့လည်း အစီစဉ်ရှိပါတယ်။ အဲ့လို ပရိသတ်ရှိတဲ့အချိန်မှာ ကျွန်တော် အဖေ့ကို သတိရတယ်။ ကျွန်တော့မှာ အဖေရော ၊ အမေရော မရှိတော့ဘူး။ ကျွန်တော့်အဖေက မဆုံးခင်တုန်းက ကျွန်တော့်ရဲ့ သီချင်းတွေကို လိုက်ဆိုတာ ။ အဖေ့ကို သတိရတယ် ။ အဖေလည်း ကျွန်တော့်သီချင်းတွေ လိုက်ဆိုတာ ။ ကျွန်တော်တို့ အခွေကိုနောက်လတော့ ကျိန်းသေထွက်ဖို့ စီစဉ်ထားပါတယ်။ ဒီနေ့ကစပြီးတော့ Date တွေ အပြည့်ယူထားပါတယ်။ သင်္ကြန်ကျော်သွားရင်လည်း အရမ်းနောက်ကျသွားမှာ ” လို့ဖြိုးလေးက ပြောပါတယ်။

Source : Myanmar Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။