နာမည်ကျော် ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ Jeon Ki Sang ဟာ ကားအက်စီးဒင့်တစ်ခုကြောင့် ဆုံးပါးသွားတယ်လို့ သိရပါတယ်..။

အဲ့ဒီ ဒါရိုက်တာကတော့ မြန်မာပရိသတ်တွေကြား F4 ချစ်သူလို့ အရမ်းကို ရေပန်းစားခဲ့တဲ့ “Boys Over Flower” ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jeon Ki Sang ပဲ ဖြစ်ပါတယ်..။

ဒါရိုက်တာ Jeon Ki Sang ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၃)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒင့်တစ်ခုမှာ ဆုံးပါးကွယ်လွန်သွားတာ ဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်..။

ဒါရိုက်တာ Jeon Ki Sang ကွယ်လွန်သွားတဲ့ အဲ့ဒီသတင်းလေးကတော့ တောင်ကိုရီးယား အနုပညာရှင်လောကနဲ့ ပရိသတ်တွေကြား အရမ်းကို နှမြောသတဖြစ်စေတဲ့ စိတ်မကောင်းစရာ သတင်းလေးတစ်ခုပါပဲ..။

ဇန်နဝါရီ(၁၃)ရက်နေ့က ကိုရီးယားစံတော်ချိန် နံနက်(၁)နာရီမှာ ဒါရိုက်တာ Jeon Ki Sang ဟာ လမ်းဖြတ်ကူးနေတုန်း တက္ကစီတစ်စီးက ဝင်တိုက်မိခဲ့တာပဲဖြစ်ပါတယ်..။

ဒါရိုက်တာ Jeon Ki Sang ကိုတော့ ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ပေမယ့် အသက်မမှီတော့ဘဲ ဆုံးပါးသွားတာ ဖြစ်ပါတယ်..။

ဇာတ်လမ်းကောင်းတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jeon Ki Sang ကွယ်လွန်သွားတာဟာ အနုပညာလောကတစ်ခုလုံးအတွက်တော့ ပြောပြမတတ်အောင် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုပါပဲ..။

ဒါရိုက်တာ Jeon Ki Sang ကွယ်လွန်သွားခဲ့တဲ့အတွက် မိသားစုအသိုင်းအဝိုင်းနဲ့ အနုပညာရှင် အဝိုင်းကြား အတော်လေးကို စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းကြေကွဲခဲ့ကြရပြီး ဈာပနအခမ်းအနားပွဲကိုလည်း မကြာခင် ကျင်းပပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်..။

ဒါရိုက်တာ Jeon Ki Sang ကတော့ KBS ရုပ်သံလိုင်းရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ “Sassy Girl Chun-Hyang” ဇာတ်ကား၊ “ Papa” ဇာတ်ကားနဲ့ “ Bodyguard” တို့ကိုရိုက်ကူးခဲ့ပြီး ၂၀၀၅ မှာတော့ KBS ကနေ ထွက်ခဲ့တာ ဖြစ်ပါတယ်..။

နောက်ပိုင်းမှာတော့ ပရိသတ်တွေကြား အရမ်းကို ရေပန်းစားခဲ့တဲ့ “Boys Over Flowers”ဇာတ်ကားနဲ့ “My Girl” ဇာတ်ကား, “Witch Yoo Hee” နဲ့ “ To the Beautiful You” တို့လို နာမည်ကြီး ဇာတ်ကားကောင်းလေးတွေများစွာကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်..။

Source – Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။